
စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်းဆောင်ရွက်ရန်ကို မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးခြင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။
ပန်းတနော်မြို့နယ် ဆန်စက်၊ ကုန်သည်၊ သိုလှောင်ရုံ၊ ဆန်ဆိုင်လုပ်ငန်းရှင်များမှ myroတွင် မှတ်ပုံတင် ဆောင်ရွက်ပြီးလုပ်ငန်း (၄၅)လုံးဆောင်ရွက်ပြီးစီးပြီး ကျန်ရှိသော သိုလှောင်ရုံလုပ်ငန်းရှင်များမှ မှတ်ပုံတင်ရန် ပန်းတနော်မြို့နယ်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံ၍ မှတ်ပုံတင်ခြင်းလုပ်ငန်းများ မေးမြန်းဆောင်ရွက်လျက်ရှိရာ ဘဝိုင်းကျေးရွာ၊ ရေလဲစုကျေးရွာမှ သိုလှောင်ရုံ လုပ်ငန်းရှင် ဦးဇော်လင်းရှိန် စပါးတင်း ၂သောင်း သိုလှောင်ထားရှိပြီး အလျား ၈၀၊ အနံ ၄၀၊ အမြင့် ၁၈ အမိုးသွပ်၊ အခင်းကွန်ကရစ်၊ အကာအုပ် သိုလှောင်မှုအား myro မှတ်ပုံတင်နိုင်ရန် လုပ်ငန်းကို မြိုန့ယ်တာဝန်ခံမှ လုပ်ငန်းရှင်ကိုယ်တိုင်ပြုလုပ်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ပြီး လက်မှတ်ထုတ်ယူနိုင်ရန်အတွက် ငွေပေးချေလုပ်ငန်းစဉ်များကို ရှင်းလင်းပြသပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
