
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းတို့သည် ခရိုင်အထွေထွေအူပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့် အတူ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် မအူပင်မြို့နယ် တံတားကြီးကျေးရွာအုပ်စုတွင် ဆီရောင်းချခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါစစ်ဆေးမှုတွင် တံတားကြီးကျေးရွာအုပ်စု အတွင်းရှိ စားသုံးသူပြည်သူများအား ဆီစာအုပ်ဖြင့် ရောင်းချသည့်အခြေအနေများ၊ ဈေးနှုန်းများပါရှိခြင်း ရှိ/ မရှိ စစ်ဆေးခြင်း၊ အိမ်ထောင်စု တစ်စုလျှင် လစဉ် သတ်မှတ်ဆီထုတ်ယူမှုများကို ကျေးရွာပြည်သူများ သိရှိနိုင်ရန် ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်မှ ဆီရောင်းချရာတွင် ချိန်တွယ်ရာတွင် ချိန်တွယ်ပြည့်မှီအောင် ရောင်းချခြင်းရှိ/ မရှိ၊ သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချရှိ/ မရှိနှင့် ဆိုင်းဘုတ်ချိတ်ဆွဲ ရောင်းချခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
