
စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄.၉.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၄၅) နာရီအချိန်တွင် မကွေးမြို့၊ ကန်သာရပ်ကွက်ရှိ “သာလှ” စတိုးဆိုင်တွင် ရောင်းချနေသော သောက်ရေ သန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများ နေ့စဉ် ပုံမှန်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော သောက်ရေသန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများကို (၂/ ၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး တရားမဝင် ကုန်စည်များနှင့် သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုရန် အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
