Main menu

ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေး အသိပညာပေး

Powered by Drupal

    ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူ စားသုံးရာတွင်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ပြည်တွင်း၌ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ကုမ္ပဏီများအား စားသုံးသူများကို ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် အရည်အသွေးမပြည့်မီသော ကုန်စည်များရယူသုံးစွဲခြင်းမှ ကာကွယ်ပေးရန် ၂၀-၂-၂၀၂၆ ရက်နေ့ ၁၃:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး)ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ များ ပူးပေါင်းကာ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ သောက်ရေသန့်စက်ရုံ(၁)ခုသို့ ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် သောက်ရေသန့်လုပ်ငန်းအနေဖြင့် စည်ပင် သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်ရယူထားပြီး   မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏  ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ အား လိုက်နာဆောင်ရွက်ထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် ရယူထားကာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

     သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေး လုပ်ငန်းရှင်၏  အဓိပ္ပါယ်နှင့်တာဝန်(၁၁)ချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက် များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေး များ၊ စားသုံးသူသည်ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်သည့်အတွက် မိမိထုတ်ကုန်များသန့်ရှင်းသပ်ရပ်မှုရှိရန်လိုအပ်ကြောင်း၊ မိမိထုတ်ကုန်သည်ရေသန့်ဖြစ်သည့်အတွက် အထူးဂရုပြုရန်လိုအပ်ကြောင်း၊ မိမိဝန်ထမ်းများလည်းသေချာဂရုတစိုက်လေ့ကျင့်သင်တန်းများပေးရန် လိုအပ်ကြောင်း၊ တိုင်ကြားမှုများရှိလာပါက လုပ်ငန်းရှင်ကတိုက်ရိုက်ဖြေရှင်းရမည်ဖြစ်သည့်အတွက် တာဝန်ရှိသူဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်း လိုက်နာ ဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)