
စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက်အာမခံချက် ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဖော်ဆောင် ဖြည့်ဆည်းပေး နိုင်ရန် ရည်ရွယ်လျက် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) ဦးဆောင်၍ ဦးရဲရင့်ဖြိုး (အကြီးတန်းစာရေး)တို့သည် ၂၀-၂-၂၀၂၆ ရက်နေ့ ၁၁:၅၀ နာရီအချိန်တွင် ဝိုင်းမော်မြို့၊ ရပ်ကွက်( ၂ )၊ စားသုံးသူပြည်သူ (၁၄ )ဦးအား အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ အသိပညာပေး ဟောပြောရာတွင် ဦးဘောမ်ဇုံး ( ရုံးအုပ် ) က စားသုံးသူကာကွယ်ရေးဥပဒေပါ၊ စားသုံးသူ ကာကွယ်ရေးနှင့်စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေး( ၈ )ချက်နှင့် တာဝန် (၄)ချက်အကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင် သည့် အခွင့်အရေးများအကြောင်း၊ Online Shopping များမှ ဝယ်ယူသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့် သည့် အချက်များအကြောင်း ၊ ကုန်စည်များကို ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံ မှန်ကန်မှုရှိသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်နှင့်ဝယ်ယူသုံးစွဲသည့်ပစ္စည်းများသည် သက်တမ်းကုန် ပစ္စည်းများ ဟုတ်/မဟုတ် သတိပြုရန်လိုကြောင်း၊ မိမိပစ္စည်းဝယ်ယူသုံးစွဲရာတွင် စားသုံးသူအခွင့်အရေးတစ်ချက် ဖြစ်သည့် ဘောက်ချာသို့မဟုတ် ပြေစာအထောက်အထား ရယူရန်လိုအပ်ပါကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု များအတွက်လည်းတိုင်ကြားရန် CICC ရုံးခန်းများကို ဖွင့်လှစ်ထားရှိမှုနှင့် ဖြေရှင်းပေးနေမှုအခြေအနေများ အကြောင်း၊ Call Center 1535 သို့ တိုက်ရိုက်ခေါ်ဆို မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
