
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြင်းခြံခရိုင်နှင့်ညောင်ဦးခရိုင် အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဥပဒေ များနှင့်အညီ ထုတ်လုပ်နိုင်စေရေး အတွက်ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ရှိရာ (၁၁.၂.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် ညောင်ဦးခရိုင်တာဝန်ခံနှင့်ဝန်ထမ်းများသည် ညောင်ဦးမြို့၊ သီရိမင်္ဂလာ၊ ငှက်ပစ်တောင် ရပ်၊ အောင်မြေသာရပ်ကွက်ရှိ ပဲကြော်လုပ်ငန်း၊ ကိတ်မုန့်လုပ်ငန်းခွင်များသို့ကွင်းဆင်း၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ဒေသတွင်း MSME လုပ်ငန်းများဖွံဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း သုံးစားအုန်းဆီများကိုလည်း လုပ်ငန်းခွင်များတွင် မှန်ကန်စွာ သုံးစွဲမှုရှိစေရန်၊ ထုတ်လုပ်သုံးစွဲသည့့်် ကုန်ကြမ်းပစ္စည်းများ အရည်အသွေးကောင်းမွန်မှုရှိရန်၊ မိမိတို့ထုတ်လုပ်သော ကုန်ပစ္စည်းများကို သန့်ရှင်းသပ်ရပ်စွာဖြင့် ထုတ်လုပ်၍ ကျန်းမာရေးနှင့်ညီညွတ်စေရေး အထူးအလေးထား လုပ်ဆောင် ကြရန်၊ ကုန်စည်နှင့်သက်ဆိုင်သည့် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံမှန်ကန်မှုရှိရန်၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရေးနှင့် သက်ဆိုင်ရာဌာန များ၏ ပြဌာန်းချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်တို့အတွက် ဈေးကွက်မရောက်မီ ကုန်စည် များအား လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး ဆက်လက်၍လည်း ဒေသ အတွင်းရှိ MSME လုပ်ငန်းခွင်များသို့ စဉ်ဆက်မပြတ် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယခုလို ဈေးကွက်မရောက်မီကုန်စည်များကို စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့် စစ်ဆေးဖြင့်ဖြင့် လုပ်ငန်းရှင်များဘက်မှလည်း မှန်ကန်သည့်နည်းလမ်းများ၊ ဥပဒေများနှင့်အညီ အချိန်မီပြင်ဆင်ထုတ်လုပ်လာစေနိုင်ပြီး ဈေးကွက်အတွင်း၌လည်း လုံခြုံစိတ်ချရသော ကုန်စည်များ ကိုသာ စားသုံးသူများအနေဖြင့် ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။
DOCA(မန္တလေး)
