
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ကလေးများဘေးကင်းလုံခြုံစေရေး ဦးစားပေးကုန် စည်အနေဖြင့် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့များဖြင့် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ ဆေးဆိုင်များရှိ ကလေးဖြည့်စွက်စာ အမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကလေးဖြည့်စွက်စာအမျိုးမျိုးအား စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာပါရှိခြင်းရှိ/မရှိနှင့် ဘေးအန္တရာယ်ကင်းစေရေးအတွက် သက်ဆိုင်ရာထောက်ခံချက်ပါ ရှိခြင်းရှိ/မရှိအပြင် အိမ်သုံးဆေးဝါးစျေးနှုန်းများအား စုံစမ်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
