
ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ ဖြိုးရေးဦးစီးဌာန၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည်စျေးကွက်အတွင်း ဆန်စျေးနှုန်းနှင့် Consumer Packaging များတွင် သင့်တင့်မျှတသောစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက် နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ တလိုင်းစုရပ်နှင့် ဆိပ်ငယ်ရပ်ရှိ ဆန်အရောင်းဆိုင် များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသောဈေးနှုန်းများကို သတ်မှတ်ရည် ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/မရှိနှင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)
