
မိတ္ထီလာမြို့နယ်အတွင်း စားသောက်ကုန်တစ်မျိုးဖြစ်သည့် မုန့်လုပ်ငန်းကို အသေးစား၊ အလတ်စားကုန်ထုတ်လုပ်ငန်းအဖြစ် အောင်မြင်မှုရရှိနေသော လုပ်ငန်းများရှိပါသည်။ ၎င်းလုပ်ငန်းများ တွင် ကြာညိုသင်းမုန့်လုပ်ငန်းမှာ နက်ကထိုင်၊ ကွပ်ကီး၊ ပဲလမုန့် တို့ကို ထုတ်လုပ်ရောင်းချနေရာ တစ်ရက်လျှင် ပျှမ်းမျှမုန့်ထုပ်ပေါင်း (၇၀၀)ခန့် ထုတ်လုပ်လျက်ရှိပါသည်။ ပဲလမုန့်အနေနှင့် စက္ကူပတ်ထား သော မုန့်(၅)ခုပါ အထုပ်(၃၀၀)ခန့်၊ ကွပ်ကီး (၈)ခုပါမုန့် ဗူး(၁၀၀)ဝန်းကျင်နှင့် နက်ကထိုင်မုန့် (၁)ခုထုပ် (၈)ထုပ်ပါဗူး (၃၀၀)ခန့် ကို နေ့စဉ်ထုပ်လုပ်နေပြီး သီတင်းကျွတ်၊ တန်ခူးလများ တွင် ပိုမိုထုတ်လုပ်ရကြောင်းသိရသည်။ ဈေးနှုန်းအနေဖြင့် (၁)ဗူးလျှင် (၂၂၀၀)ကျပ်ဝန်း ကျင်ဖြင့် ရောင်းချနေရာ၊ ဈေးနှုန်းအနေဖြင့် ပြည်ပမှ တင်သွင်းလာသည့် ကွပ်ကီးများနှင့် ယှဉ်လျှင် သက် သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ကြောင်းနှင့် ထုပ်ပိုးမှုပုံစံမှာလည်း သေသပ်မှုရှိသည့် အတွက် လက်ဆောင်ပေးရန်၊ လူကြီးမိဘကန်တော့ရန် သင့်လျော်ခြင်းတို့ကြောင့် ဝယ်ယူစားသုံးမှုများ ကြောင်း သိရသည်။ ၎င်းမုန့်လုပ်ငန်းအနေဖြင့် ဒေသတွင်းဈေးကွက်သာမက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများရှိ စူပါမားကတ်မျာသို့ တင်ပို့ရကြောင်းသိရသည်။
DOCA(မန္တလေး)
