Main menu

မာလကာသီးဈေးနှုန်း

Powered by Drupal

    သစ်သီးဝလံဈေးကွက်တွင် မာလကာသီးမှာ ဈေးကွက်တွင် ရာသီမရွေးဝယ်ယူစားသုံးနိုင်သော အသီးတစ်မျိုးဖြစ်သော်လည်း ယခုရက်ပိုင်းတွင် ပုပ္ပါးနယ်ဘက်မှ အဝင်နည်း၍ ဈေး ကွက်တွင် ရောင်းချသူများနည်းလာကြောင်းသိရပါသည်။

      ဈေးနှုန်းအနေဖြင့် ဈေးကွက်တွင် မာလကာသီးကို တစ်လုံးချင်းဝယ်ယူကြသကဲ့သို့ ပိဿာနှင့်လည်း ဝယ်ယူနိုင်ရာ ဖေဖော်ဝါရီလ ပထမပတ်တွင် မာလကာသီးတစ်လုံးလျင် အလုံး အကြီး/အသေးပေါ်မူတည်၍ (၁၀၀၀-၁၅၀၀)ကျပ် ရှိပြီး တစ်ပိဿာလျှင် လက်ကားဈေး (၄၀၀၀-၅၀၀၀)ကျပ် ရောင်းချကြသဖြင့် ယခင်လနှင့်နှိုင်းယှဉ်လျှင် ဈေးတည်ငြိမ်နေကြောင်း ဈေးကြီးရှိ သစ်သီးလက်ကားရောင်းချသူများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(မန္တလေး)