Main menu

ညောင်တုန်းမြို့နယ်မှ ဇန်နဝါရီလ ဆန်/ဆန်ကွဲ စီးထွက်မှု အခြေအနေ

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၄၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ စီးထွက်လျက်ရှိပြီး  ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

          ဆန်များကို ရန်ကုန် သီလဝါ ဆိပ်ကမ်း၊ သံလျင်မြို့၊ ဆူးလေဆိပ်ကမ်း၊ ရွှေပြည်သာမြို့၊ ကျိုက်ဝိုင်းဈေး မရမ်းကုန်းမြို့၊ ကားကြီးဝန်း ဘုရင့်နောင်မြို့၊ ဇုန်-၃ လှိုင်သာယာမြို့ တို့သို့ လည်းကောင်း ဆန်ကွဲများကို စက်မှုဇုန်လုပ်ငန်းများသို့လည်းကောင်း နေ့စဉ်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

           ညောင်တုန်းမြို့နယ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ လ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့်  ၂၁၀၉၈ အိတ်၊ တန်အားဖြင့် ၁၀၅၅ တန်နှင့် ပြည်ပသို့ ဆန်တင်ပို့မှုအနေဖြင့် ဆန် ၁၁၀၅၂၇အိတ်၊  ဆန်ကွဲအနေဖြင့် ၈၂၀၆ အိတ်၊ တန်အားဖြင့် ၄၁၀ တန်၊ ပြည်ပတင်ပို့မှုအနေဖြင့် ၁၅၄၁၅၁အိတ် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်မှ ဆန်/ဆန်ကွဲ  စီးထွက်မှု စုစုပေါင်း ဆန် ၃၆၂၈၅၄ အိတ်နှင့် ဆန်ကွဲ ၁၆၂၃၅၇ အိတ် တင်ပို့ခဲ့ပြီး ကားအစီးရေ ၅၆၆စီး၊ သင်္ဘော ၂စီးဖြင့် ဆန် ၁၂၀၀၀အိတ် စီးထွက်ခဲ့ကြောင်း ဆန်စက်နှင့် သိုလှောင်ရုံများမှ နေ့စဉ်စီးထွက် ကုန်ရပြေစာဖြင့် ထွက်ရှိမှု စာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)