
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ(၂) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ရပ်ကွက် (၇) ရတနာလမ်းရှိ “နီလာ” ပေါင်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
ပေါင်မုန့်ထုတ်လုပ်ရန် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများမှာ (ဂျုံ၊ သကြား၊ ဆား၊ ဖွဆေး၊ ဂျုံနုဆေး၊ ရေသန့်) တို့ဖြစ်ပြီး တစ်နေ့လျှင် အလုံးရေ (၅၀၀) ခန့် ထုတ်လုပ်လျက်ရှိပါသည်။ ထုတ်လုပ်ရာတွင် ပေါင်မုန့်(အနု၊ အကြမ်း) နှစ်မျိုးထုတ်လုပ်ပြီး ဈေးကွက်အတွင်း မှာယူမှုပေါ်မူတည်၍ ထုတ်လုပ်လျက်ရှိသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ပေါင်မုန့် အနု တစ်လုံးလျှင် (၁၈၀၀) ကျပ်၊ ပေါင်မုန့်အကြမ်းတစ်လုံးလျှင် (၁၄၀၀) ကျပ်ဖြင့် ဒေသအတွင်း၌သာ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး တစ်နေ့ထုတ်ပေါင်မုန့်များကို တစ်နေ့သာရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။
ပေါင်မုန့်ထုတ်လုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ)က ဈေးကွက်မရောက်မီ ကုန်စည်ထုတ်လုပ်နေမှုအား စားသုံးသူ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရန်၊ ထုတ်လုပ်သောပေါင်မုန့်များကို ထားသိုသိမ်းဆည်းမှုအခြေအနေ၊ ထုပ်ပိုးရောင်းချမှု အခြေအနေတို့ကို စားသုံးသူသိရှိစေရန် မှာကြားရောင်းချရန်ကိုလည်းကောင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
