
VinFast ကုမ္ပဏီသည် ၎င်း၏ လျှပ်စစ်စကူတာ နိုင်ငံတကာ စီးပွားရေး မဟာဗျူဟာကို ထုတ်ဖော်ကြေညာခဲ့ပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ကို အစော ပိုင်း အဓိက ဦးစားပေးဈေးကွက် ၅ ခုအဖြစ် သတ်မှတ်လိုက်ပါသည်။ ဤခြေလှမ်းသည် Vin Fast ၏ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးချဲ့မှု မဟာဗျူဟာအတွက် အရေးပါသော မှတ်တိုင် တစ်ခုဖြစ် ကြောင်းနှင့် ဘက်စုံလွှမ်းခြုံထားသည့် 'Make in Vietnam' (ဗီယက်နမ်နိုင်ငံထုတ်) အစိမ်းရောင် သယ်ယူပို့ဆောင်ရေး ဂေဟစနစ်ကို ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းသို့ ဖြန့်ကြက်သွားမည့် ကုမ္ပဏီ ၏ ရည်မှန်းချက်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကုမ္ပဏီ က ပြောကြားခဲ့သည်။ အဆိုပါ စီမံကိန်းအရ ၂၀၂၆ ခုနှစ်အတွင်း အဆိုပါ ဈေးကွက် ၅ ခုတွင် လျှပ် စစ်စကူတာ လုပ်ငန်းကို စတင်ဖြန့်ကြက်သွားမည် ဖြစ်သည်။ ယင်းနိုင်ငံများသည် လူဦးရေ ထူထပ်ခြင်း၊ မြို့ပြဖြစ်ထွန်းမှုမြန်ဆန်ခြင်း၊ နှစ်ဘီးတပ်ယာဉ် ဝယ်လိုအား မြင့်မားခြင်းနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားများ မြင့်တက်လာခြင်း စသည့်အချက်များရှိနေကြရာ လျှပ်စစ်စကူ တာများသည် ကုန်ကျစရိတ်သက်သာသည့် မြို့ပြသွား လာရေးစနစ်ကို ပံ့ပိုးပေးနိုင်သည့်အပြင် ညစ်ညမ်းမှု လျှော့ချရေးအတွက်လည်း သင့်လျော် သော ဖြေရှင်းချက်တစ်ရပ်ဖြစ်စေသည်။ ယခု တိုးချဲ့မှုပုံစံကို လုပ်ငန်းလည်ပတ်ရာတွင် ပြောင်းလွယ်ပြင်လွယ်ရှိပြီး ထိရောက်မှုရှိစေရန် ရည် ရွယ်ပုံဖော်ထားကာ ကိုယ်စားလှယ်ကွန် ရက်များ၊ အရောင်းဝန်ဆောင်မှုများ၊ ငွေကြေးဆိုင်ရာ ဖြေရှင်းချက်များနှင့် စွမ်းအင်အခြေခံ အဆောက်အအုံများကို ပေါင်းစပ်ဖွဲ့စည်းထားကြောင်း သိရ သည်။ ထို့အပြင် အားသွင်းစနစ်နှင့် ဘက်ထရီလဲလှယ်ရေးစနစ် (Battery-swapping) များအ တွက် V-Green နှင့် ပူးပေါင်းဆောင် ရွက်ခြင်းများလည်း ပါဝင်သည်။ မကြာသေးမီနှစ်များအတွင်း VinFast သည် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် အခြားသော ဈေးကွက်များတွင် အစိမ်းရောင် သွားလာရေးဂေဟစနစ် (Green mobility ecosystem) ကို တဖြည်းဖြည်း တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ ဆောင် ရွက်ရာတွင် ဒေသတွင်းမှ နာမည်ဂုဏ်သတင်းရှိသော မိတ်ဖက်များ အပြင် လျှပ်စစ်တက္ကစီ သီးသန့်ပြေးဆွဲသည့် GSM နှင့် ကမ္ဘာလုံးဆိုင်ရာ အားသွင်းအခြေခံ အ ဆောက်အအုံတည်ဆောက်သူ V-Green ကဲ့သို့သော မဟာဗျူဟာမြောက် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
DOCA(ရန်ကုန်)
