
ထိုင်းနိုင်ငံခြားကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Arada Fuengthong က ၂၀၂၆ ခုနှစ်တွင် ဌာနအနေဖြင့် ထိုင်းအော်ဂဲနစ်ဆန်ကို မြှင့်တင်ရန်နှင့် လူသိများစေရန် စီစဉ်ထား ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အဆင့်မြင့်စျေးကွက်၌ ခေတ်သစ်စားသုံးသူများ၏ လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အရည်အသွေးမြင့် ထုတ်ကုန်တစ်ခုအဖြစ် အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ဖေဖော်ဝါရီလတွင် ဆွစ်ပြည်ထောင်စုနှင့် ဂျာမနီ ဖက် ဒရယ် သမ္မတနိုင်ငံတို့သို့ သွားရောက်မည်ဖြစ်ပြီး အော်ဂဲနစ်ဆန်နှင့် သက်ဆိုင်သည့် အေဂျင်စီများ၊ အဖွဲ့အစည်းများနှင့် အဓိကဆန်တင်သွင်းသူများကို တွေ့ဆုံကာ စျေးကွက်ချဲ့ထွင်ရေးကို ညှိနှိုင်း ဆွေးနွေးခြင်းနှင့် ကုန်သွယ်မှုဆက်ဆံရေးများကို ခိုင်မာစေရေး ဆောင်ရွက်သွားမည် ဖြစ်သည်။
ဆောင်ရွက်မည့်လုပ်ငန်းများ၏ အဓိကအချက်မှာ ထိုင်းအော်ဂဲနစ်ဆန်စားသုံးမှုကို မြှင့်တင် မည့်ကမ်ပိန်းတစ်ရပ်ဖြစ်သည်။ ထိုင်းနိုင်ငံခြားကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် Thai SELECT အသိ အမှတ်ပြု လက်မှတ်ရရှိထားသည့် ထိုင်းစားသောက်ဆိုင်များနှင့်ပူးပေါင်း၍ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ် မြို့နှင့် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့ရှိ စားသောက်ဆိုင်ပေါင်း(၁၀) ခုတို့တွင် တစ်ပတ်ကြာ ပရိုမိုးရှင်း ကမ်ပိန်း ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကမ်ပိန်းအတွင်း ထိုင်းအော်ဂဲနစ်ဆန်၏ ကျန်းမာ ရေး အကျိုးကျေးဇူးများ၊ အရသာ၊ ဂရုတစိုက် ထိန်းသိမ်းထားသော အရည်အသွေး စံနှုန်းများမှ သည် ထုတ်လုပ်မှုဖြစ်စဉ်အထိ ဂရုတစိုက် ဆောင်ရွက်မှုဖြစ်စဉ်အကြောင်းကို အရည်အသွေးမြင့် ထိုင်းဟင်းလျာများမှတစ်ဆင့် ဝေမျှသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထူးခြားချက်မှာ ထိုင်းအော်ဂဲနစ်ဆန်ဖြင့် ပြုလုပ်ထားသော အထူးဟင်းလျာများကို မှာယူ သည့် ဖောက်သည်များအနေဖြင့် ထိုင်းနိုင်ငံသို့ အသွားအပြန် လေယာဥ်လက်မှတ်များ၊ ထိုင်း အစားအစာ ချက်ပြုတ်နည်းသင်တန်းများနှင့် Thai SELECT အသိအမှတ်ပြု စားသောက်ဆိုင်များ ရှိ စားသောက်ဆိုင်လက်ဆောင်ကူပွန်များကဲ့သို့ အထူးဆုများ ရယူနိုင်ရန် အခွင့်အလမ်းများ စု ဆောင်းရန် မှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း၊ အဓိက ဆန်တင်သွင်းသူများ၊ ဒေသတွင်းဩဇာရှိသူ များနှင့် မီဒီယာများကို အသိပညာဖြန့်ဝေရန် ဖွင့်ပွဲအခမ်းအနားနှင့် လှုပ်ရှားမှုများသို့ ဖိတ်ကြား သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံခြား ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် ၂၀၂၆ ဘဏ္ဍာ ရေးနှစ် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်များအတွင်း အမေရိကန်၊ တရုတ်နှင့် ဥရောပ သမဂ္ဂကဲ့သို့သော အခြားသောအဓိက ဈေးကွက်များရှိ ထိပ်တန်းဩဇာရှိသူများနှင့် ပူးပေါင်း၍ လူ မှုမီဒီယာများမှတစ်ဆင့် ထိုင်းအော်ဂဲနစ်ဆန်ကို အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
တစ်ချိန်တည်းတွင် ထိုင်းနိုင်ငံခြား ကုန်သွယ်ရေး ဦးစီးဌာနသည် ကမ္ဘာ့ထိပ်တန်း အော်ဂဲ နစ် စိုက်ပျိုးရေး ကုန်စည်ပြပွဲကြီးများကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ကျင်းပ မည့် ဂျာမနီနိုင်ငံ၊ Nuremberg မြို့ရှိ BIOFACH (၂၀၂၆) ကုန်စည်ပြပွဲနှင့် မတ်လ ၃ရက်နေ့မှ ၆ ရက် နေ့အတွင်း ကျင်းပမည့် အမေရိကန်ပြည်ထောင်စုရှိ Natural Products Expo West ကုန်စည်ပြပွဲ တို့သို့ ဒေသအခြေပြုစီးပွားရေးလုပ်ငန်းနှင့် အသေးငယ်နှင့်အလတ်စားလုပ်ငန်း (SME) လုပ်ကိုင် သူ စုစုပေါင်း ၁၂ ဦးကို ခေါ်ဆောင်သွားရန် စီစဉ်ထားသည်။ အဆိုပါ ကုန်စည်ပြပွဲများသည် ထိုင်း ဆန်၏ အပြုသဘောဆောင်သော ပုံရိပ်ကို မြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ မိတ်ဖက်များနှင့် ကုန် သွယ်ရေးကွန်ရက်များ ချိတ်ဆက်ရန် ရည်ရွယ်သည်။ အဆိုပါ လုပ်ဆောင်မှုများသည် ထိုင်း အော်ဂဲ နစ်ဆန်နှင့် ဆက်စပ်ထုတ်ကုန်များ၏ တင်ပို့မှုကို တိုးမြှင့်ပေးပြီး တန်ဖိုးမြင့်စေကာ ထိုင်းလယ် သမားများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် SMEများအတွက် တည်ငြိမ်သော ဝင်ငွေရရှိစေရန် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ထားကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ဘတ် ၁.၂၁ ဘီလီယံတန်ဖိုးရှိသော အော်ဂဲနစ် ဆန်တန် ချိန် ၂၆,၁၁၀ ကို တင်ပို့ခဲ့သည်။ ၂၀၂၄ခုနှစ်တွင် ဘတ် ၁.၀၈၈ ဘီလီယံတန်ဖိုးရှိသော အော်ဂဲနစ် ဆန်တန်ချိန် ၂၂,၂၉၃ တင်ပို့နိုင်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက ပမာဏအားဖြင့် ၁၇.၁၂%နှင့် တန်ဖိုးအား ဖြင့် ၁၁.၂၁% အသီးသီး တိုးမြင့်လာခြင်းဖြစ်သည်။ အဓိကတင်ပို့သည့် ဈေးကွက်များမှာ ဝင်ငွေ မြင့် မားသော နိုင်ငံများဖြစ်သည့် အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် ဆွစ် ဇာလန်နိုင်ငံတို့ရှိ စားသုံးသူများသည် ကျန်းမာရေးနှင့် သဘာပတ်ဝန်းကျင်အပေါ် သက်ရောက်မှု ကို အလေးထားကြကြောင်း သိရှိရသည်။
Source: Thai Rath Online, 4 Feb 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
