
မအူပင်ဒေသထွက် ပဲမုန့်အမျိုးမျိုးထုတ်လုပ်သော အသေးစားစက်မှုလုပ်ငန်း ၄ဦးခန့်ရှိပြီး မအူပင်မြို့နယ်တွင် ဒေသထွက် ပဲမုန့်များသည် လူကြီးသူမနှင့် မိတ်ဆွေသူငယ်ချင်းများကို လက်ဆောင်အဖြစ်ပေးရန်၊ ကန်တော့ရန် ကောင်မွန်သော မုန့်တစ်မျိုးဖြစ်သည်။ မိဘ၊ ဘိုးဘွား၊ ဆရာသမား ကန်တော့ရာတွင်လည်းကောင်း သူငယ်ချင်းမိတ်ဆွေလက်ဆောင်ပေးရန် သင့်တော်သော မုန့်တစ်မျိုးဖြစ်သည်။ ထွက်ရှိ ထုတ်လုပ်သော ပဲမုန်အမှတ်တံဆိပ် အမည်များမှ ကျားပဲမုန့်၊ ဓနဟိန်း ပဲမုန့်၊ ကျားသစ်ပဲမုန့် ၊ MKK ပဲမုန့်၊ အစရှိသည့် မုန့်များဖြစ်ကြသည်။
မအူပင်မြို့နယ် ပဲမုန့်ဈေးနှုန်းအနေဖြင့် ၁-၂-၂၀၂၆ ရက်နေ့ ရောင်းချမှုဈေးနှုန်းမှာ ပဲမုန့် ၅ခုပါ ၁ထုတ် ၃၀၀၀ ကျပ်၊ ပဲမုန့်ဘူးသေး ၆ထုတ်ပါ ၁၇၀၀၀ကျပ်၊ ပဲမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၈၀၀၀ကျပ်၊ အငံမုန့် ၅ခုပါ ၁ထုတ် ၃၀၀၀ ကျပ်၊ အငံဘူးသေး ၆ထုတ်ပါ ၁၇၂၀၀ ကျပ်၊ အငံဘူးကြီး ၁၀ထုတ်ပါ ၂၈၀၀၀ ကျပ်၊ ဘဲဥမုန့် ၁ထုတ် ၃၀၀၀ ကျပ်၊ ဘဲဥမုန့် ဘူးသေး ၅ထုတ်ပါ ၁၄၀၀၀ ကျပ်၊ ဘဲဥမုန့် ဘူးကြီး ၁၀ထုတ်ပါ ၂၈၀၀၀ ကျပ်၊ ကိတ်မုန့် ၁ထုတ် ၆၂၀၀ ကျပ်၊ ကိတ်မုန့် ၁ဘူး ၃ထုတ်ပါ ၁၇၆၀၀ ကျပ်၊ ဖရုံယို ၁ထုတ် ၃၀၀၀ ကျပ်၊ ဖရုံယို ၁ဘူး ၅ထုတ်ပါ ၁၄၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပြီး မုန့်ဈေးနှုန်းများ ၅ခုပါ ၁ထုတ်ဈေးနှုန်း တစ်ခုကို ၅၀၀ ကျပ် ဈေးမြင့်တက်လာကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
