
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ တတိယအပတ်အတွင်း ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး တစ်ပြည် ၆၄၀၀ ကျပ်၊ ဧည့်မထ (ဒေသ) ဆန် တစ်ပြည် ၃၈၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ (ရှမ်းစ) တစ်ပိဿာ ၉၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်) တစ်ပိဿာ ၁၉၀၀၀ ကျပ် ၊ ငရုတ်သီး ခြောက်(ပွ) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဆား တစ်ပိဿာ ၁၆၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၅၅၀၀ ကျပ်စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၆၈၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၃၈၀ ကျပ်နှင့် ဘဲဥ တစ်လုံး ၄၈၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်း များမှာ ကြက်သား (CP) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၀၅၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက် ရှိကြောင်း သိရှိရပါသည်။
ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ယခင် ဇန်နဝါရီလ ပထမအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ပြောင်းလဲမှုမရှိပဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါ သည်။
DOCA (ဧရာဝတီ)
