
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်စပါးကို အဓိကထား စိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးသို့ ဆန်/စပါး တင်ပို့ရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ( ၁၆ ) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် Wilmar ပေါင်းဆန်စက်ရုံမှ ရန်ကုန်တိုင်း သီလဝါသို့ တင်ပို့မည့်စပါးတင်ထားသော ရေယာဉ်တစ်စီးအား ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ လ.ဝ.က ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်အသင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် Wilmar ပေါင်းဆန်စက်ရုံမှ သီလဝါသို့ အေးချမ်းခွန်အား(၅) ရေယာဉ်ဖြင့် စပါး တန်ချိန် (၈၅၈)၊ စပါးတင်း(၃၇၇၅၂) တင်ဆောင်ထားရှိမှုအား စစ်ဆေးဆောင်ရွက်ခြင်းနှင့် စပါးများသယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့် အညီ ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပြီး ထွက်ခွာခွင့်ပြုခဲ့ပါကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
