Main menu

ဆန်ဆိုင်နှင့် ပွဲရုံဂိုဒေါင်များတွင် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန သာယာဝတီခရိုင် ဦးစီးမှူးရုံး စားသုံး/ ထုတ်လုံတာဝန်ခံ ဦးချစ်ကိုကိုသည် ခရိုင်ဦးစီးမှူးရုံးမှ ပြည်တွင်း ဌာနတာဝန်ခံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာတို့ ပူးပေါင်းအဖွဲ့နှင့် အတူ (၂၀.၁.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လက်ပံတန်းမြို့နယ်အတွင်းရောင်းချလျက်ရှိသော ဆန်လက်လီ/ လက်ကား အရောင်းဆိုင်များ၊ ဆန်ပွဲရုံ၊ ဂိုဒေါင်များသို့ သွားရောက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများနှင့် ရောင်းချမှု ရှိ/ မရှိ၊ ဆန်လက်ကျန် ကျန်ရှိမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)