
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီအရောင်းဆိုင်များအား စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဇန်နဝါရီလတတိယပတ်တွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းအဖွဲ့သည် ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်မားရေနှင့် ညီညွတ်သော စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့အတွက် ကြီးကြပ်ထိန်းကြောင်း ဆောင်ရွက်စေရေးအတွက် နတ်တလင်းမြို့နယ် လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီ အရောင်းဆိုင်များတွင် မိမိရရှိသောခွဲတမ်းကို စားသုံးသူပြည်သူ့လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိစေရန်၊ ညွှန်ကြားခဲ့သည် စာအုပ်စနစ်ဖြင့် နေ့စဉ် စားအုန်းဆီခွဲတမ်းရ ဦးရေကို ရောင်းချပေးနိုင်စေရေး၊ ထုတ်ရန်ကျန်သော စာအုပ်များကိုလည်း နောက်တစ်နေ့တွင် ပြန်လည်ထုတ်ပေးစေရေး၊ အလေးချိန်ပြည်မှီရေးနှင့် ရည်ညွှန်ဈေးပေါ်မူတည်၍ ဈေးနှုန်းမြှင့် မရောင်းချမှုမပြုရန်နှင့် ဆီထုတ်ကိုယ်စားလှယ်၏ သတ်မှတ်ဈေးနှုန်း အပေါ်တွင်သာရောင်းချရန် အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
