
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက်(၁၁း၃၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအခန်းတွင် စီးပွားရေးရာဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ဝက်မွေးမြူသူများထံမှ ဝက်သားဝယ်ယူမှု စျေးနှုန်း နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ စည်ပင်သာယာ ရေးအဖွဲ့၊ ဒု-ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ တက်ရောက်လာသူများမှ ဆွေးနွေးခြင်းနှင့် စီးပွားရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားခြင်းများဆောင်ရွက်ခဲ့ကာ ဆွေးနွေးပွဲပြီးမြောက်ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)
