တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ဝက်မွေးမြူ‌သူများထံမှ ဝက်သားဝယ်ယူမှုစျေးနှုန်း နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခြင်း

Powered by Drupal

    ၂၀၂၆  ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နံနက်(၁၁း၃၀) အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအခန်းတွင် စီးပွားရေးရာဝန်ကြီးဦးဆောင်၍ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း ဝက်မွေးမြူသူများထံမှ ဝက်သားဝယ်ယူမှု စျေးနှုန်း နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါဆွေးနွေးပွဲတွင် တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ စည်ပင်သာယာ‌ ရေးအဖွဲ့၊ ဒု-ညွှန်ကြား‌ရေးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြား‌ရေးမှူးမှ ဆွေးနွေးပြောကြားခြင်း၊ တက်ရောက်လာသူများမှ ဆွေးနွေးခြင်းနှင့် စီးပွား‌ရေးရာဝန်ကြီးမှ နိဂုံးချုပ်စကားပြောကြားခြင်းများဆောင်ရွက်ခဲ့ကာ ဆွေးနွေးပွဲပြီးမြောက်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)