
ပဲခူးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးအဖွဲ့တို့ပါဝင်သာ စစ်ဆေးရေးအဖွဲ့သည် ၂၀.၁.၂၀၂၆ ရက်နေ့၊ နံနက်(၀၈း၀၀) နာရီအချိန်တွင် ပဲခူးမြို့ပေါ်ရှိ ဈေးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် အသင့်စားခေါက်ဆွဲခြောက်ထုပ် အမျိုးမျိုးတွင် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား ၊အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့အား မြန်မာဘာသာဖြင့် သိသာထင်ရှားစွားဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ရောင်းချကြရန်၊ ကုန်ပစ္စည်းများ သက်တမ်းကုန်ဆုံးမှုရှိ/ မရှိကို သတိထားစောင့်ကြည့်ရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များကိုလည်း လိုက်နာရကြမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အနေဖြင့်လည်း အစားအစာများနှင့် အခြားလူသုံးကုန်ပစ္စည်းများရောနှောရောင်းချခြင်းမပြုရန်၊ FDA ထောက်ခံချက် မပါရှိသော ကုန်ပစ္စည်းများကိုရောင်းချခြင်း မပြုရန်တို့ကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
