
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၁၃.၁.၂၀၂၆ ရက်နေ့တွင် ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုး၊ ဌာနခွဲစာရေး ဒေါ်ကြည်ကြည်ထွန်းနှင့် အငယ်တန်းစာရေး ဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀ ဂရမ်နှင့် အောက်) တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ညောင်လေးပင်မြို့နယ်တာဝန်ခံ ဦးကျော်သက်မိုးနှင့် အဖွဲ့တို့သည် ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ဈေးကွက်ထဲ၌ အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀ ဂရမ်နှင့် အောက်) တို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ၊ သက်တမ်းကျော်လွန်သော အလှကုန်ပစ္စည်းများရောင်းချခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပါသည်။ စစ်ဆေးချက်များအရ ညောင်လေးပင်မြို့နယ်၊ မြို့မဈေးအတွင်းရှိ ဈေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကာ သက်တမ်းလွန်အလှကုန်ပစ္စည်းများ ရောင်းချခြင်းမရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
