Main menu

ပေါက်မြို့နယ်တွင် စိုက်ပျိုးထားရှိသော ကုလားပဲသီးနှံ(ဆောင်း)များ ရိတ်သိမ်းမည်ဖြစ်၍ တောင်သူများ ဈေးကောင်းရရန် မျှော်လင့်နေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှ ဆောင်းရာသီ ကုလားပဲစိုက်တောင်သူများမှာ  ကုလားပဲသီးနှံကို နေရာအနှံ့ စိုက်ပျိုးကြကြောင်း သိရသည်။

      လက်ရှိအချိန်သည် ကုလားပဲသီးနှံ ပေါ်တော့မည့်အချိန်ဖြစ်၍ ဈေးကောင်း ရရှိဖို့ရန် မျှော်လင့်မိပါကြောင်း၊ ယခုနှစ် စိုက်ပျိုးထားသော တစ်ဧကကုန်ကျစရိတ်မှာ ကျပ်(-)သိန်း ခန့်ရှိကြောင်း၊ ယခင်နှစ်က ကုလားပဲအဖြူ(B2) တစ်တင်းလျှင် ကျပ်(၈၀၀၀၀)၊ ရိုးရိုးကုလားပဲ အဝါကို ကျပ်(၆၀၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တောင်သူများအတွက် ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိမှသာ အဆင်ပြေမည်ဖြစ်ကြောင်း၊ ကုလားပဲကို မိုးဦးသီးနှံအပြီး တန်ဆောင်မုန်း၊ နတ်တော်လတို့မှာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးပြီး ကုလားပဲခင်းများတွင်  သီးညှပ်အဖြစ် ဆီထွက် သီးနှံဖြစ်သော နေကြာကိုလည်း တောင်သူအများစုက စိုက်ပျိုးလေ့ ရှိကြသည်။ ကုလားပဲ စိုက်ပျိုး ခြင်းသည် တောင်သူများအတွက် ကုန်ကျစရိတ်သက်သာကြောင်း၊ သီးညှပ် သီးနှံဖြစ်သော နေကြာ များရရှိခြင်းတို့ကြောင့် ဆောင်းသီးနှံကုလားပဲကို နှစ်စဉ် စိုက်ပျိုးလေ့ရှိကြသည်။ တန်ဆောင်မုန်း၊ နတ်တော်လတို့တွင် စိုက်ပျိုးထားသောကုလားပဲများကို တပိုတွဲ၊ တပေါင်းလများတွင် ရိတ် သိမ်းကြရမည်ဖြစ်ပြီး ယခုနှစ် ကုလားပဲပေါ်တော့မည်အချိန်တွင် ကုလားပဲ စိုက်တောင်သူများမှ ဈေးကောင်းရရန်မျှော်လင့်မိပါကြောင်း ပေါက်မြို့နယ် ဆောင်းရာသီ ကုလားပဲ စိုက်တောင်သူ တစ်ဦး ထံမှ သိရသည်။

DOCA(မကွေး)