
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မဈေး၌ အခြေခံစားသောက်ကုန်များ ရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များတွင် နေ့စဉ်ခေါက်ဆွဲခြောက်ထုပ်များလည်း အရောင်းအဝယ်သွက်လျက်ရှိသည်။ ခေါက်ဆွဲကို ဂျုံသီးနှံ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ခြင်းဖြစ်၍ ပခုက္ကူမြို့ နယ်သည် သီးနှံမျိုးစုံ စိုက်ပျိုးကြသော်လည်း ဂျုံသီးနှံစိုက်ပျိုးခြင်းမရှိ၍ စိုက်ပျိုးမှုများ သော စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့ ခေါက်ဆွဲ ခြောက်ထုတ်လုပ်သည့် စက်ရုံများမှ ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက်ကြောင်း၊ စားသုံးသူများအတွက် ခန္ဓာကိုယ်အားဖြစ်စေပြီး ကျန်းမာရေးနှင့် ညီညွှတ်၍ ဈေးနှုန်း သင့်တင့် မျှတစွာဖြင့် အလွယ်တကူ ဝယ်ယူမှုရရှိခြင်းကြောင့် စားသုံးသူများ အနေဖြင့် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲအရည်ပျော်ပြုလုပ်၍ မြန်မာ့ရိုးရာ အစားအစာ အဖြစ် ရှေးယခင် နှစ်များစွာကတည်းက စားသုံးမှု များကြောင်း သိရှိရသည်။
၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(ဒုတိယပတ်)တွင် ခေါက်ဆွဲခြောက်ထုပ်များ ဈေးငြိမ်၍ အရောင်း အဝယ်ဖြစ်နေကြောင်း၊ ခေါက်ဆွဲတွင် အဝါရောင်နှင့် အဖြူရောင်နှစ်မျိုးရှိကြောင်း၊ ရောင်းချရာတွင် ခေါက်ဆွဲသား အကောင်းနှင့် စက်ကျအကျိုးအကြေနှစ်မျိုး ခွဲခြားပြီးရောင်းချကြောင်း၊ “ရွှေဒင်္ဂါး “ အဝါရောင် ခေါက်ဆွဲခြောက် တစ်စီးလျှင် ကျပ်(၉၀၀)၊ (၂၅)ထုပ်ပါ တစ်ထုပ်လျှင် ကျပ် (၂၁၅၀၀)၊ ခေါက်ဆွဲကျိုး စက်ကျ တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ “စွမ်းထက်” ခေါက်ဆွဲခြောက် (၅၀)ကျပ်သား ပါ တစ်ထုပ်လျှင် ကျပ်(၄၅၀၀)၊ အထုတ်(၃၀)ပါ တစ်ဖာလျှင် ကျပ်(၁၃၅၀၀၀)၊ (၂၀)ကျပ်သားပါ တစ်ထုပ်လျှင် ကျပ်(၂၃၀၀)၊ (၅၀)စီးပါ တစ်ဖာလျှင် ကျပ်(၁၁၅၀၀၀)၊ (၂)စီးတွဲ တစ်ထုပ်လျှင် ကျပ်(၁၈၀၀)၊ (၅၀)စီးပါ တစ်ဖာလျှင် ကျပ်(၉၀၀၀၀)၊ “စွမ်းထက်”ခေါက်ဆွဲ စက်ကျအကျိုး တစ်ပိဿာလျှင် ကျပ်(၅၀၀၀)၊ “ရွှေနဒီ” ခေါက်ဆွဲထုပ်ကြီး တစ်ထုပ်လျှင် ကျပ်(၁၅၀၀)၊ အထုပ်သေး တစ်ထုပ်လျှင် ကျပ်(၅၀၀)နှုန်းဖြင့် အရောင်းအဝယ် သွက်နေကြောင်း၊ ယခုအချိန် စာသင်ကျောင်းများ ဖွင့်လှစ်ချိန်ဖြစ်၍ ကျောင်းမုန့်ဈေးတန်းများတွင် ခေါက်ဆွဲသုပ်၊ ခေါက်ဆွဲကြော်များ ရောင်းချမှုများခြင်းကြောင့် အရောင်းအဝယ်သွက်နေပြီး မြိုင်၊ ရေစကြို၊ ယောနယ်ဒေသများမှလည်း ကုန်ကားများမှတဆင့် မှာယူပြီး ဝယ်ယူမှုများလျက်ရှိ ကြောင်း၊ တစ်ပတ်အတွင်း ခေါက်ဆွဲခြောက်ပိဿာ (၃၅၀-၄၀၀)ခန့် ရောင်းချရကြောင်း ကုန် ခြောက်ဆိုင် ရောင်းချသူထံမှ သိရှိရပါသည်။
DOCA(မကွေး)
