Main menu

Ve Ve အချိုရည်စက်ရုံသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

           (၁၂.၁.၂၀၂၆) ရက်နေ့နေ့လယ် (၁၁:၂၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၄) ဦးတို့သည် အမှတ် (၁၁၆/A2)၊  ကနောင်မင်းသားကြီးလမ်း၊ စက်မှုဇုန်(၁) ရွှေပြည်သာမြို့နယ်ရှိ Green Circle Co.,Ltd မှ Ve Ve အချိုရည် လုပ်ငန်းရှင်ထံကွင်းဆင်းသွားရောက်တွေ့ဆုံပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

          ထိုသို့တွေ့ဆုံမေးမြန်းရာတွင် Ve Ve အချိုရည်စက်ရုံမှ ဒုစက်ရုံမှူး ဦးမျိုးသူအောင်က မိမိတို့ စက်ရုံတွင် ထုတ်လုပ်သောအမှတ်တံဆိပ်များမှာ Ve Ve၊ Rocker၊ Ion အားဖြည့်အချိုရည်အမျိုးအစား (၅)မျိုးထုတ်လုပ်လျက်ရှိကာ တစ်ရက်ထုတ်လုပ်မှုမှာ (၁)ပါကင်တွင် (၂၄) လုံးပါ သော ပါကင် (၅၀၀၀)ထုတ်လုပ်လျက်ရှိပြီး မြန်မာပြည်အနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချကာ ဝန်ထမ်းအင်အားမှာ ကျား(၃၀၀)ဦး၊ မ(၂၀၀)ဦး စုစုပေါင်း(၅၀၀)ဦးဖြင့် လုပ်ငန်းလည်ပတ်ကာ မိမိတို့လုပ်ငန်းကို မှီခိုလုပ်ကိုင်နေသော ဝန်ထမ်းများလည်း စားဝတ်နေရေး အဆင်ပြေလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)