
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြပြီး မိမိပိုင်ယာခင်းများတွင် စိုက်ပျိုးသီးနှံများဖြစ်သည့် ဖက်ဖယ်ရွက်၊ ဆူးပုတ်ကြီးရွက်နှင့် ကင်ပွန်းချဉ်ရွက်များကို တပိုင်တနိုင်စိုက်ပျိုးကြီးပြီး မုံရွာမြို့၊ သံလမ်းဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် သံလမ်းဈေးတွင် ရောင်းချနေသော ဖက်ဖယ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင်(၃၀၀)ကျပ်မှ (၃၅၀) ကျပ်၊ ဆူးပုတ်ကြီးရွက်ဈေးနှုန်းမှာတစ်စည်းလျှင် (၃၅၀)ကျပ်မှ (၄၀၀)ကျပ်နှင့် ကင်းပွန်းချဉ်ရွက်ဈေးနှုန်းမှာ (၃)စည်းလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
