Main menu

၂၀၂၆ ခုနှစ်အတွက် စားအုန်းဆီကြမ်းဈေးနှုန်းကို CIMB လျှော့ချခန့်မှန်း

Powered by Drupal

      မလေးရှားနိုင်ငံ၏ စားအုန်းဆီလုပ်ငန်းကဏ္ဍသည် ကုန်လက်ကျန်သိုလှောင်မှုပမာဏ စံချိန် တင် များပြားနေမှုနှင့်အတူ ဇီဝဒီဇယ်အဖြစ် ပြောင်းလဲသုံးစွဲမည့် မူဝါဒများ အကန့်အသတ်ရှိသဖြင့် ဈေးနှုန်းများအပေါ် ဖိအားသက်ရောက်နေမှုတို့အရ ၂၀၂၆ ခုနှစ်၌ သတိကြီးစွာထားရှိ၍ လုပ်ကိုင်ရ မည့် အခြေအနေကို ရင်ဆိုင်နေရသည်။ ဆီသိုလှောင်မှုလက်ကျန်သည် ဈေးကွက်အတွင်းနှင့် ခန့်မှန်းချက် အများအပြားက တညီတညွတ်တည်း တွက်ဆထားသည်ထက် ကျော်လွန်နေခြင်းက မလေးရှား CIMB ဘဏ်လုပ်ငန်း အနေဖြင့် ၎င်း၏ စားအုန်းဆီကြမ်း ပျမ်းမျှဈေးနှုန်းခန့်မှန်းချက်ကို လျှော့ချမှုဖြစ်စေခဲ့ကြောင်း The Edge Malaysia သတင်းဌာနက ဖော်ပြပါသည်။

       မလေးရှား၏ စားအုန်းဆီ သိုလှောင်မှုလက်ကျန်ပမာဏသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလပိတ် တွင် ယခင်လကထက် ၇.၆ ရာခိုင်နှုန်းနှင့် ယခင်နှစ်ကာလတူထက် ၇၈.၅ ရာခိုင်နှုန်း ပိုမိုမြင့်တက် လျက် တန်ချိန် ၃.၀၅ သန်းအထိ ရောက်ရှိခဲ့သည်။ ပြည်ပသို့ တင်ပို့မှုနှင့် ပြည်တွင်းသုံးစွဲမှု နည်းပါး နေချိန်၌ မျှော်မှန်းထားသည်ထက် ထုတ်လုပ်မှုပမာဏ အားကောင်းလာခြင်းကြောင့် ထိုကဲ့သို့ ကုန် လက်ကျန် မြင့်တက်လာခြင်းဖြစ်သည်။

      သို့ဖြစ်ရာ လတ်တလောကာလ၌ စားအုန်းဆီကြမ်း (CPO) ဈေးနှုန်းများ မြင့်တက်နေမှုမှာ ကန့်သတ်ချက်ရှိပြီး CIMB ဘဏ်သည် ၂၀၂၆ ခုနှစ်အတွက် စားအုန်းဆီကြမ်း ပျမ်းမျှဈေးနှုန်း တစ် တန်လျှင် မလေးရှားရင်းဂစ် ၄၂၀၀ ဟု ၎င်း၏ ယခင်ခန့်မှန်းချက်ကို ရင်းဂစ် ၄၀၀၀ သို့ လျှော့ချခဲ့ ခြင်းဖြစ်သည်။ ယခုခန့်မှန်းချက်သည် Kenanga Research က ခန့်မှန်းသည့် ပျမ်းမျှဈေးနှုန်းနှင့် တန်းတူဖြစ်ပြီး RHB ဘဏ်၏ ခန့်မှန်းချက် ရင်းဂစ် ၄၂၅၀ နှုန်းနှင့် Hong Leong Investment Bank ၏ ခန့်မှန်းချက် ရင်းဂစ် ၄၂၀၀ နှုန်းတို့၏ အောက်သို့ လျော့နည်းလျက်ရှိသည်။

     စားအုန်းဆီ သိုလှောင်မှုလက်ကျန်များ တစ်ဟုန်ထိုး များပြားလာခြင်းက ၇ နှစ်တာကာလ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိစေခဲ့ပြီး ဝယ်လိုအားထက် ထုတ်လုပ်မှုက ပိုမိုနေသည်ကို ထင်ဟပ် လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် မလေးရှား၏ စားအုန်းဆီထုတ်လုပ်မှုမှာ တန်ချိန် ၁.၈၃ သန်းရှိပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း၌ ဒီဇင်ဘာလထုတ်လုပ်မှု ပမာဏများအနက် အမြင့်ဆုံးအဆင့် ပင် ဖြစ်သည်။ လအလိုက်နှိုင်းယှဉ်ပါက ၎င်းပမာဏသည် ၅.၅ ရာခိုင်နှုန်းမျှသာ တိုးတက်ခြင်းဖြစ် သော်လည်း Kelantan, Pahang နှင့် Sabah တို့ကဲ့သို့သော အဓိက စိုက်ပျိုးရာဒေသများမှ လတ်ဆတ် ဆီအုန်းသီးခိုင်များ အထွက်ကောင်းမွန်မှုအရ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှု ၂၃.၁ ရာခိုင်နှုန်းအထိ တိုးတက်မှုရရှိလာခဲ့သည်။

      စားအုန်းဆီ သိုလှောင်မှုလက်ကျန်အဆင့်ကို ရှေ့လာမည့်လများအတွင်း စတင်ထိန်းညှိ ဆောင်ရွက်သင့်ကြောင်း၊ သို့သော် အဓိက တင်သွင်းသည့် နိုင်ငံများ၌ လက်ကျန်ပမာဏ မြင့်မား လျက်ရှိပြီး ဝယ်လိုအားအပေါ် ပြန်လည်ဖြည့်ဆည်းရန် လိုအပ်ခြင်းမရှိသေးသဖြင့် ယခုကဲ့သို့ ကုန်လက်ကျန်မြင့်မားနေမှုကို လျှော့ချရန်မှာ အချိန်ယူ လုပ်ဆောင်ရလိမ့်မည်ဖြစ်ကြောင်း၊ မူဝါဒ ပိုင်းအရမူ မည်သည့်စားအုန်းဆီကြမ်းဈေးနှုန်း ပြန်လည်မြင့်တက်လာမှုမဆို မူဝါဒရေးရာ မသေချာ မှုများနှင့် ပြင်ပဈေးကွက် အခြေအနေများ၏ ဘောင်ကန့်သတ်ခြင်းကို ခံရဖွယ်ရှိကြောင်း RHB ဘဏ်က အစီရင်ခံဖော်ပြထားသည်။

      အမေရိကန်နိုင်ငံ၏ ဇီဝလောင်စာမူဝါဒ ပြန်လည်သုံးသပ်မှု မသေချာမရေရာခြင်းနှင့်အတူ အင်ဒိုနီးရှားနိုင်ငံ၏ ဇီဝဒီဇယ်ထုတ်လုပ်ရန် လျာထားချက်၌သုံးစွဲမည့် စားအုန်းဆီပမာဏ အကန့် အသတ်ရှိခြင်းက စားအုန်းဆီအခြေပြု ဇီဝလောင်စာထုတ်လုပ်မှုလုပ်ငန်း၏ ဝယ်လိုအား နည်းပါး ပြီး စားအုန်းဆီကြမ်းဈေးနှုန်းများ လျော့နည်းမည့် အလားအလာရှိကြောင်း CIMB ဘဏ်က ဖော်ပြ ခဲ့သည်။

     ထို့အပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် စားအုန်းဆီ စုဆောင်းထားရှိမှုမှာ သမိုင်း မှတ်တမ်း ကာလတစ်လျောက် ပျမ်းမျှပမာဏ၏အထက်၌ ဆက်လက်တည်ရှိနေပြီး စားအုန်းဆီ၏ အခြားပြိုင်ဘက်များနှင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်းရှိနေချိန်၌ပင် အရေးတကြီး ပြန်လည်ဖြည့် တင်းရန် လိုအပ်ချက်ကို လျော့နည်းစေလျက်ရှိသည်ဟု RHB ဘဏ်က ပြောဆိုထားသည်။ ဤ အခြေအနေများအရ မလေးရှားနိုင်ငံ၌ စားအုန်းဆီ သိုလှောင်မှုလက်ကျန်ပမာဏကို ပုံမှန်အဆင့် သို့ လျှော့ချနိုင်ရန်မှာ ခန့်မှန်းထားသည်ထက် အချိန်ပိုမို ကြာမြင့်ဖွယ်ရှိကြောင်း သိရသည်။

Source: The Edge Malaysia, 13 Jan 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)