
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်ရှိ ကျေးရွာများတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်းများကိုတစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။ ဆလပ်ရွက်နှင့် ပျဉ်းတော်သိမ်းရွက်များကိုအိမ်ရှင်မများက ငပိရည်အတို့မြှုပ်အဖြစ်ဝယ်ယူကြသလို စားသောက်ဆိုင်များမှလည်း စီးပွားဖြစ်အသုံး ပြန်ရန် ဝယ်ယူကြောင်း သိရှိရပါသည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဈေးဟောင်းတွင် ရောင်းချနေသော ဆလပ်ရွက်ဈေးနှုန်းမှာ ဆလပ်ရွက်တစ်စည်းလျှင် (၃၀၀)ကျပ်မှ(၄၀၀)ကျပ်၊ ပျဉ်းတော်သိမ်း ရွက်ဈေးနှုန်းမှာအစည်းအကြီးအသေးပေါ်မူတည်၍ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀) ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
