
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုမ္မနိုးကျေးရွာတွင် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ပြောင်းသီးနှံများကို စိုက်ဧက ၁၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ပြောင်းဖူးသီးနှံကို တစ်ဧက စိုက်ပျိုးလျှင် သကြားပြောင်း (၄)ထုပ်၊ ပြောင်းစီးဖြူ (၅)ထုပ်ကုန်ကျပြီး သကြားပြောင်းမျိုးစေ့(၁)ထုပ်လျှင် ၆၀၀၀၀ ကျပ်၊ ပြောင်းစီးဖြူ(၁)ထုပ်လျှင် (၄၅၀၀၀) ကျပ်ပေး ဝယ်ရပါကြောင်း၊ ဩဂုတ်လလယ်တွင် စတင်စိုက်ပျိုး၍ စိုက်ပျိုးရာတွင် ထွန်ကြောင်း ဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၂ သိန်းခန့် ကုန်ကျပါကြောင်း၊ စိုက်ပျိုးပြီး ၂ လကျော်အကြာတွင် ခူးဆွတ်ရပါကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ပြောင်းဖူးအရေအတွက် ၅၀၀၀ ခန့် ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်း အောင်မြင်မှုအပေါ်မူတည်၍ သီးနှံအထွက်နှုန်းများကွဲပြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ပြောင်းဖူးတစ်ဖူးလျှင် လက်ကားဈေး ငွေကျပ် ၅၀၀ နှုန်းဖြင့် ရောင်းချရပြီး လက်လီရောင်းချသူများသည် ပြောင်းဖူးတစ်ဖူးလျှင် ၈၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကာ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ကျပ် ၁၃ သိန်းခန့် ရရှိခဲ့ ကြောင်း၊ ဈေးကွက်အနေဖြင့် မုံရွာမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိရာ ပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)
