
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရှိ စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူကြီးများသည် ပဲ၊ ပြောင်း၊ နှမ်း၊ စပါး၊ ကြက်သွန်၊ ဝါသီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးကြပါ သည်။ ထိုသီးနှံများအပြင် စားဖိုဆောင်သီးနှံများကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပြီး ခရမ်းသီးပင်များကိုလည်း စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ခရမ်းပင်ကို ကျောက်ဆည်မြို့နယ် ကျောင်းကုန်း ကျေးရွာတွင် အများဆုံး စိုက်ပျိုးလျှက်ရှိပြီး မျိုးအနေဖြင့် စိန်းညိုလုံးကြီးမျိုး၊ ၇၈၉မျိုး နှင့်(၅၅၅)မျိုး များကိုစိုက်ပျိုးကြကြောင်းသိရှိရပါသည်။ခ ရမ်းပင်စိုက်ပျိုးမည်ဆိုပါကပထမဦးဆုံး ပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး (၂)လ၊ (၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်ရကြောင်း၊ တစ်ဧက တစ်ပတ်အထွက်နှုန်းမှာ ပိဿာ (၁၅၀)မှ (၂၀၀)အထိ ထွက်ရှိကြောင်း သိရှိရပါသည်။ သက်တမ်းအနေဖြင့် (၅)လအထိ ခရမ်းသီးများ ခူးဆွတ်နိုင်ကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၁၀၀၀၀၀၀/-) ကျပ် ခန့်ရှိပြီး စတင်ခူး ဆွတ်ချိန်မှ ဖျက်သိမ်းချိန်အထိ ခရမ်းသီးထွက်ရှိမှု စုစုပေါင်း(၁၅၀၀)ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းသီးတစ်ပိဿာလျှင် ဖောက်သည်ဈေးအနေဖြင့် (၁၅၀၀/-)ကျပ်ရှိပြီး ကုန်စိမ်း ပွဲစားများမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်း၊ လက်လီဈေးအနေဖြင့် တစ်ပိဿာလျှင် (၂၀၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ တစ်ဧကအကျိုးအမြတ် အနေဖြင့် ယခုလက်ရှိခရမ်းသီးဈေးနှုန်းများ ကောင်းမွန်သောကြောင့် (၁၂၅၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း ၊ တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိသည့် ခရမ်းသီး သီးနှံကို ပိုမိုစိုက်ပျိုးသင့်ပါကြောင်း ရေသားတင်ပြအပ်ပါသည်။
DOCA(မန္တလေး)
