Main menu

ပြည်ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ပဲများ၏နှစ်အလိုက် ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများ၏ နှိုင်းယှဉ်မှု အခြေအနေ

Powered by Drupal

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းအဝယ်ရှိသော ပဲများနှင့် ပြည်တွင်းစားသုံးမှုများပြီး ဒေသတွင်းဝယ်လိုအားများသော ပဲများသာ လက်လီ/ လက်ကား ရောင်းဝယ်မှုဖြစ်လျက်ရှိခဲ့ကြပါသည်။ မတ်ပဲနှင့် ပဲစင်းငုံသီးနှံများမှာ လက်ကားရောင်းဝယ်မှုအဖြစ်များခဲ့ကာ ကုလားပဲ၊ ထောပတ်ပဲ၊ ပဲနီပြား စသည့် သီးနှံများကတော့ ပြည်ဈေးကွက်အတွင်း   ပြည်တွင်းစားသုံးမှုများသည့်အတွက် လက်လီ သမားအပြင် လက်ကားဝယ်ယူမှုလည်း ရှိခဲ့ကြပါသည်။ ထိုပဲများ၏ နှစ်အလိုက် နှစ်ကုန်ဖြစ်သော ဒီဇင်ဘာလအတွင်း ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို လေ့လာရာတွင် အောက်ပါအတိုင်း တွေ့ရှိရပါသည် -

စဉ်        ပဲအမျိုးအစား          ၂၀၂၃            ၂၀၂၄            ၂၀၂၅           တင်းဈေး

                                      ဒီဇင်ဘာ        ဒီဇင်ဘာ        ဒီဇင်ဘာ        (ကျပ်)

၁။      မတ်ပဲ                     ၈၂၀၀၀          ၉၅၀၀၀        ၈၅၆၀၀        

၂။       ပဲစင်းငုံ                     ၉၃၀၀၀        ၁၀၂၀၀၀        ၇၉၀၀၀        

၃။      ကုလားပဲ                 ၉၄၀၀၀         ၉၅၅၀၀         ၈၁၀၀၀                            

၄။      ထောပတ်ပဲ              ၁၀၅၀၀၀       ၁၃၅၀၀၀      ၁၁၀၀၀၀                

၅။      ပဲနီပြား          ၁၀၀၀၀၀       ၁၄၅၀၀၀       ၁၆၀၀၀၀                  

        မတ်ပဲသီးနှံအနေဖြင့် (၃)နှစ်တာ ကာလအလိုက် ဈေးနှုန်းနှိုင်းယှဉ်မှု အခြေအနေအရ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလမှာတော့ မတ်ပဲသီးနှံတစ်တင်းလျှင် (၈၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် မတ်ပဲတစ်တင်းကို (၉၅၀၀၀)ကျပ်ဖြင့် တစ်တင်းလျှင် (၁၃၀၀၀)ကျပ်ခန့် ဈေးမြင့်တက်လာခဲ့ပြီး ယခုနှစ်ဖြစ်သော ဒီဇင်ဘာတွင် ပဲတစ်တင်းကို (၈၅၆၀၀)ကျပ်ဖြင့် တစ်တင်းကို (၉၄၀၀)ကျပ် ဈေးပြန်ကျလာခဲ့ပါသည်။

     ပဲစင်းငုံသီးနှံသည် ၃ နှစ်တာ ကာလ ဈေးနှုန်းနှိုင်းယှဉ်မှုအရ  ၂၀၂၃ ခုနှစ်ဒီဇင်ဘာလတွင် ပဲတစ်တင်းလျှင် (၉၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၀၂၀၀၀)ကျပ်ဖြင့် တစ်တင်းလျှင် (၉၀၀၀)ကျပ် ဈေးမြင့်လာခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၇၉၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၂၃၀၀၀)ကျပ် ဈေးများပြန်လည် ကျဆင်းလာတာတွေ့ရပါသည်။

       ကုလားပဲ သီးနှံမှာ ဒေသတွင်း ပဲခွဲစက်သမားများ အဓိကဝယ်ယူမှုရှိသည့် ပဲဖြစ်ခဲ့ပြီး နှစ်အလိုက် ဈေးနှုန်းနှိုင်းယှဉ်မှုအရ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလတွင် ကုလားပဲတစ်တင်းလျှင် (၉၄၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၀၂၀၀၀) ကျပ်ဖြင့် တစ်တင်းလျှင် (၉၀၀၀)ကျပ် ဈေးမြင့်လာခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၇၉၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၂၃၀၀၀)ကျပ် ဈေးများပြန်လည်ကျဆင်းလာတာ တွေ့ရပါသည်။

     ထောပတ်ပဲသီးနှံမှာ (၃)နှစ်စာဈေးနှုန်းနှိုင်းယှဉ်မှုအရ ၂၀၂၃ ခုနှစ်ဒီဇင်ဘာလတွင် ထောပတ်ပဲတစ်တင်းလျှင် (၁၀၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၃၅၀၀၀)ကျပ်ဖြင့် တစ်တင်းလျှင် (၃၀၀၀၀)ကျပ် ဈေးမြင့်လာခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၁၀၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၂၅၀၀၀)ကျပ် ဈေးများပြန်လည် ကျဆင်းလာတာတွေ့ရပါသည်။

        ပဲနီပြားသီးနှံမှာ ဒေသတွင်းဝယ်လက်များရှိသည့်အတွက် တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းများမြင့်တက်လာတာ တွေ့ရပါသည်။ နှစ်အလိုက်ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် ၂၀၂၃ ခုနှစ်ဒီဇင်ဘာလတွင် ပဲနီပြားတစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၄၅၀၀၀)ကျပ်ဖြင့် တစ်တင်းလျှင် (၄၅၀၀၀)ကျပ် ဈေးမြင့်လာခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလတွင် ပဲတစ်တင်းကို (၁၆၀၀၀၀)ကျပ်ဖြင့် တစ်တင်းကို (၁၅၀၀၀)ကျပ် ဈေးများဆက်လက်မြင့်တက်လာခဲ့တာကို တွေ့ရှိရပါသည်။

     ထို့ကြောင့် ပြည်မြို့ရှိပဲဈေးကွက်ရှိ ပဲများ၏ (၃)နှစ်ဆက်တိုက် နှိုင်းယှဉ်မှု့ကိုကြည့်လျှင် ပဲနီပြားသီးနှံတစ်မျိုးတည်းသာ   ဆက်တိုက်ဈေးနှုန်းများမြင့်တက်လာကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)