Main menu

“ကျောက်ဆည်မြို့နယ်၏ ထောပတ်ပဲ စိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

Powered by Drupal

        မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် တိုင်ထောင်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင် ‌ထောပတ်ပဲသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ ကျောက်ဆည်မြို့နယ်တွင် ထောပတ်ပဲ စိုက်ဧက (၃၅၃)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ ၄င်းသီးနှံကို အောက်တိုဘာလဆန်းမှစတင်၍ စတင်စိုက်ပျိုးလျက်ရှိရာ အများဆုံးစိုက်ပျိုးသောရွာများမှာ ရဲကြီး၊ အရှေ့သပြေသာ၊ သံအနောက်ရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး (၄)လ အကြာတွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ထောပတ်ပဲ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၄-၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၂၃၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ အများဆုံး စိုက်ပျိုးသောမျိုးများမှာ ပင်ထောင်မျိုးနှင့် ပင်ပြန်မျိုးများကို အများဆုံးစိုက်ပျိုး ကြကြောင်း၊ ယခင်နှစ် ထောပတ်ပဲပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် (၁၀-၁၂)တင်း ထွက်ရှိခဲ့ပြီး ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၉၀၀၀၀) ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီး ပါက (၇၀၀၀၀၀/-) ကျပ် မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိ ထောပတ်ပဲ ပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၅၅၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ထောပတ်ပဲသီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့ များသို့တင်ပို့ ရောင်းချလျက်ရှိကြောင်း၊ ပဲစားသုံးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများအနေဖြင့် သွေးတွင်း သကြားဓာတ်ကျဆင်းစေပြီး အရိုးတွေသန်မာစေခြင်း၊ ဆံသားကျန်းမာစေနိုင်သောကြောင့် ထောပတ်ပဲ ကိုစားသုံးသင့်ပါကြောင်း၊ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးပြီး ဈေးကွက်ဝယ်လိုအားရှိသော ထောပတ်ပဲသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)