
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ် ရှမ်းပြည်နယ်၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက် ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ မုန့်ညှင်းဖြူ တစ်ပိဿာ ကျပ် ၅၀၀၀ မှ ၆၀၀၀၊ ချဉ်ပေါင်ရွက် (၁၀)စီး ကျပ် ၄၀၀၀၊ ပန်းဂေါ်ဖီ တစ်ပွင့် ကျပ် ၁၅၀၀ မှ ၃၀၀၀၊ မျှစ် တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၆၀၀၀ ၊ နံနံပင် တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၅၀၀၀၊ ဂေါ်ဖီ (၁) ထုပ် ကျပ် ၁၅၀၀ မှ ၃၀၀၀၊ ကန်စွန်းဖြူ(၁၀)စီး ကျပ် ၆၀၀၀ မှ ၇၀၀၀၊ ကင်ပွန်းချဉ်ရွက် (၁၀)စီး ကျပ် ၃၅၀၀ မှ ၄၀၀၀၊ ဆူးပုတ်ရွက်(၁၀)စီး ကျပ် ၃၅၀၀၊ ဟင်းနုနွယ်ရွက်(၁၀)စီး ကျပ် ၃၅၀၀ မှ ၄၅၀၀၊ မုန်လာဥနီ တစ်ပိဿာ ကျပ် ၈၀၀၀ မှ ၁၅၀၀၀၊ ဘိုစားပဲသီး တစ်ပိဿာ ကျပ် ၅၀၀၀၊ ရုံးပတီသီး (၁၀၀) တောင့် ကျပ် ၅၀၀၀၊ ခဝဲသီး (၁၀) လုံး ကျပ် ၅၀၀၀ မှ ၇၀၀၀၊ ခရမ်းသီး ၁၀ လုံး ကျပ် ၃၅၀၀ မှ ၆၀၀၀၊ ကြက်ဟင်းခါးသီး တစ်လုံး ကျပ် ၅၀၀၊ ဘူးသီးတစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ရှောက်သီး (၁၀) လုံး ကျပ် ၂၀၀၀ မှ ၇၀၀၀၊ သခွားသီး (၁၀၀) လုံး ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀၊ သံပုရာသီး (၁၀၀) လုံး ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀၊ ရွှေဖယုံသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၅၀၀၀၊ ကျောက်ဖယုံသီး တစ်လုံး ကျပ် ၃၀၀၀ မှ ၅၀၀၀၊ ဂေါ်ရခါးသီး တစ်လုံး ကျပ် ၃၀၀ မှ ၅၀၀၊ ဂေါ်ရခါးရွက် (၁၀)စီး ကျပ် ၄၅၀၀၊ ငရုတ်သီးစိမ်း တစ်ပိဿာ ကျပ် ၄၀၀၀ မှ ၇၀၀၀၊ ပဲသီး တစ်စီးကြီး ကျပ် ၁၅၀၀ မှ ၂၅၀၀၊ ခရမ်းချဉ်သီး တစ်သေတ္တာ ကျပ် ၃၈၀၀၀ မှ ၅၅၀၀၀၊ ဗုံလုံသီး တစ်စီး ကျပ် ၅၀၀၀ မှ ၆၀၀၀၊ မုန်လာဥဖြူ တစ်စီး ကျပ် ၈၀၀ တို့ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
