Main menu

“စဉ့်ကိုင်မြို့နယ်တွင် ဆောင်းအစေ့ထုတ်ပြောင်းများစတင်စိုက်ပျိုး”

Powered by Drupal

      ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ဆောင်းအစေ့ထုတ်ပြောင်းများ စတင်စိုက်ပျိုးလျက်ရှိပြီး မိုးအစေ့ထုတ်ပြောင်းကို ဇူလိုင်၊ ဩဂုတ်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး နိုင်ဝင်ဘာလနှင့် အောက်တိုဘာလများတွင် အောင်မြင်စွာရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ဆောင်းအစေ့ထုတ်ပြောင်းကို ဒီဇင်ဘာလဆန်းပိုင်းမှစ၍ စတင်စိုက်ပျိုးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း (၂၀)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ရွှေဝါ(၁)မျိုး၊ ဆင်းစပ်မျိုးနှင့် ဆင်းရွှေလီများကို စိုက်ပျိုးကြကြောင်း၊ (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့ (၉-၁၀)ပြည် စိုက်ပျိုးရကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင် (၅၂၀၀/-) ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဆောင်းအစေ့ထုတ်ပြောင်းကို မတ်လဆန်းပိုင်းတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ (၁)ဧက စိုက်ပျိုမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-) ကျပ်အထိ ကုန်ကျကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် စုစုပေါင်း တင်း(၅၀/၆၀)ထွက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ဖလန်ဖိုရွာ၊ ပင်းချားရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ် စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၂၃၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး တစ်ဧကကုန်ကျစရိတ်နှုတ်ပြီး (၈၈၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊  ယခုလက်ရှိပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၂၁၀၀၀/-)ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းကို ပြောင်းဖူးကစီမှုန့်၊ ပြောင်းဖူးဆီနှင့် မွေးမြူရေးလုပ်ငန်းသုံးများတွင် အသုံးပြုကြောင်း၊ အစေ့ထုတ်ပြောင်းပေါ်ချိန်တွင် တောင်သူများမှ ပွဲစားများမှတဆင့် ရန်ကုန်၊ မန္တလေး ပွဲရုံများသို့ တင်ပို့ရောင်းချပေးလျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်ဘက်တွင် အများဆုံးစိုက်ပျိုးကြပြီး မြေပြန့်ဒေသများတွင် စိုက်ပျိုးမှုနည်းကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများပိုမိုကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း အစေ့ထုတ်ပြောင်း စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)