Main menu

ကန့်ဘလူမြို့၊ ပန်းဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဂန္ဓမာပန်း၊ နှင်းပန်း၊ သစ္စာပန်းဈေးနှုန်း

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ သစ္စာပန်းစသည့် ပန်းမျိုးစုံရောင်းချလျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုးသမီးများအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

        ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း ပြင်ဦးလွင်ဒေသ ထွက်ဂန္ဓမာပန်း(၁)စီးလျှင်(၂၅၀၀)ကျပ်၊ ဒေသထွက် ဂန္ဓမာပန်း(၁)စီးလျှင်(၈၀၀)ကျပ်၊ နှင်းပန်း (၁)စီးလျှင် (၂၀၀၀)ကျပ်၊ သစ္စာပန်း()စီးလျှင် (၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခုလတတိယပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက စတုတ္ထပတ်အတွင်း ဂန္ဓမာပန်း ()စီးလျှင်(၅၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)