
စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ကလေးမြို့၊ ပင်လုံရပ်ကွက်အတွင်းရှိ ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး ရောင်းချလျက်ရှိသည့် ကုန်မျိုးစုံအရောင်းဆိုင်များအား ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ ဦးဆောင်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကလေးတစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းအမျိုးမျိုးများအနက်မှ ကလေးရေချိုးဆပ်ပြာရည်ဗူးများပေါ်တွင် မြန်မာစာဖြင့်ဖော်ပြရန် သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိနှင့် ဆပ်ပြာရည်ဗူးများပေါ်တွင် ဖော်ပြထားသည့် ထားသိုသိမ်းဆည်းပုံ နည်းလမ်းများအတိုင်း ရောင်းချခြင်းများ ရှိ/ မရှိ စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
