
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ သရက်တောကျေးရွာ မှ သဇင်ကြိမ်ထည် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။ ယခင်က ကြိမ်ထည်လုပ်ငန်းကို အဓိကလုပ် ကိုင်ကြပြီး ယခုအခါတွင် တောင်သူလုပ်ငန်းနှင့် တွဲလျက်လုပ်ကိုင်လျက်ရှိပါသည်။
ကြိမ်ထည်များကို ရက်လုပ်ရာတွင် ကချင်ပြည်နယ်မြစ်ကြီးနား၊ ချင်းပြည်နယ် ဟုမ္မလင်းမှ ထွက်ရှိသောကြိမ်များကို အသုံးပြုခဲ့ကြပြီး ယခုအချိန်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ကြောင့် မန္တလေးမှ ကြိမ်များကိုမှာ ယူပြီး လုပ်ကိုင်လျက်ရှိကြောင်း၊ အသုံးပြုသော ကြိမ်များမှာ ဖောင်ကြိမ်၊ ရေကြိမ်နှင့် လက်မဲကြိမ်များကို အသုံးပြုကြကြောင်း၊ ဈေးနှုန်းအနေဖြင့် ကြိမ်အမျိုး အစားပေါ်လိုက်၍ ကျပ်(၅၀၀ မှ ၁၀၀၀)ထိရှိ ကြောင်း၊ ကြိမ် တစ်စည်းလျှင်ကြိမ်လုံးရေ (၅၀မှ၁၀၀) ထိပါဝင်ကြောင်း၊ ဖောင်ကြိမ်(၅၀)ပါတစ်စည်းလျှင် ကျပ်(၂၅၀၀၀)၊ ရေကြိမ်(၅၀)ပါ တစ်စည်းလျှင် ကျပ်(၅၀၀၀၀)၊ လက်မဲကြိမ်(၅၀)ပါတစ်စည်းလျှင်ကျပ်(၁၀၀၀၀၀)ဖြင့်ဝယ်ယူရကြောင်း၊ ယခု လက် ရှိတွင် အသုံးများသောကြိမ်ထည်များမှာ ဦးထုပ်၊ ခြင်းလုံးများဖြစ်ပြီး ပြည်တွင်း ဈေးကွက်တွင်မက ပြည်ပဈေးကွက်များသို့လည်း ကုမ္မဏီများမှတဆင့် တင်ပို့နေကြောင်း၊ ဗန်း၊ ရေနွေးဗန်း၊ အပူခံ ပြားများ၊ ပြည်တွင်းသုံးဇကာခုံးများ ရက်လုပ်လျက်ရှိကြောင်း၊ အပူခံပြားများကိုအနောက်နိုင်ငံနှင့် တရုတ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း၊ လုပ်သားခအနေဖြင့် ပုတ်ပြတ်တစ်ဦးလျှင် ကျပ် (၇၀၀၀မှ၈၀၀၀) ထိဖြစ်ပြီး လုပ်သားဦးရေ(၁၅)ဖြင့် လုပ်ကိုင်နေကြောင်း၊ ကြိမ်ထည်များ၏ ဈေးနှုန်း ဈေးကွက် အနေဖြင့် ဇကာခုံးအရွယ်အစားကိုလိုက်၍ (၁)လုံးလျှင်ကျပ် (၁၅၀၀၀ မှ ၁၉၅၀၀)၊ ဗန်း အရွယ် အစားကိုလိုက်၍ (၁)ချပ်လျှင် ကျပ်(၁၇၀၀၀ မှ ၂၅၀၀၀)ဖြင့် ရောင်းချနေပြီး၊ ဦးထုပ် (၁)လုံးလျှင် ကျပ်(၆၀၀၀)၊ ရေးနွေးဗန်းတစ်ချပ် လျှင်ကျပ် (၁၇၀၀)၊ အပူခံပြား တစ်ချပ် လျှင်ကျပ် (၁၀၀၀၀)ဖြင့် ရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။
DOCA(မကွေး)
