
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေစကြိုမြို့နှင့် ရေပြာကျေးရွာတို့မှ မိုးစိုက် (ဥစိုက်) ကြက်သွန်နီများကို စိုက်ပျိုး ထုတ်လုပ်လျက်ရှိပါသည်။ ပခုက္ကူ ကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များ သာမက ရေနံချောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် အတွင်းရှိ ကျေးရွာများမှလည်း ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီ ဈေးကွက် အတွင်းသို့ ကြက်သွန်နီ အသစ်များလည် ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းဈေးကွက်အနေဖြင့် ယခုတစ်ပတ်တွင် ကြက်သွန်နီ အသစ်ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၆၅၀၀၀မှ ၁၅၀၀၀၀)ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် ကြက်သွန်နီ ကုန်စည်ဒိုင်၌ အရောင်း အဝယ် ဖြစ်နေသော ဈေးနှုန်းမှာ ကြက်သွန်နီ (အဟောင်း) တစ်ပိဿာလျှင် ထိပ်စ ကျပ်(၈၅၀)၊ အလတ် ကျပ်(၆၀၀)၊ အနိမ့်စကျပ်(၄၀၀)၊ ကြက်သွန်နီ (အသစ်) ထိပ်စ တစ်ပိဿာ လျှင်ကျပ်( ၁၈၀၀) အလတ်စ တစ်ပိဿာလျှင် ကျပ် (၁၅၀၀) အနိမ့် စတစ်ပိဿာလျှင်ကျပ် (၁၀၀၀) ဖြစ် ပြီး ဒီဇင်ဘာလ(ပထမပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၂၀၀)ကြက်သွန်နီ အသစ် ဈေးနှုန်းမှာ အနည်းငယ် တက်လျက်ရှိပြီး အရောင်းအဝယ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတမြို့များသို့ နေ့စဉ် တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ် (၁၀၀၀ မှ ၂၀၀၀ ထိ) တင်ပို့နေ ကြောင်း ကုန်သည် များထံမှ သိရှိရပါသည်။
ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီ(အဟောင်း) လက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၃၀၀) မှ အနိမ့်ဈေး ကျပ်(၁၀၀၀) နှင့် ကြက်သွန်နီ အသစ် အမြင့် တစ်ပိဿာလျှင် ကျပ် (၂၀၀၀)၊ အနိမ့် စတစ်ပိဿာလျှင်ကျပ် (၁၀၀၀) ထိ အရောင်းအဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)
