
ကမ္ဘောဒီးယားနှင့် ဂျပန်နိုင်ငံတို့သည် အလုပ်သမားကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင်လုပ်ဆောင်ရန်နှင့် တိုးချဲ့ရန် ကတိပြုထားပြီး ကမ္ဘောဒီးယား အလုပ်သင် များနှင့် ကျွမ်းကျင်လုပ်သားများကို ဂျပန်နိုင်ငံသို့ စေလွှတ်ခြင်းအပေါ် အဓိကထား လုပ်ဆောင် သွားမည်ဟု အလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းဝန်ကြီး Heng Sour က ပြော ကြားခဲ့သည်။ ၂၄-၁၂-၂၀၂၅ ရက်နေ့က ဝန်ကြီးဌာနတွင် ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်အမတ် Sakaguchi Naoto နှင့် တွေ့ဆုံစဉ် Heng Sour က နှစ်နိုင်ငံအကြား အလုပ်သမားပူးပေါင်း ဆောင်ရွက်မှု တိုးတက်မှုကို မီးမောင်းထိုးပြခဲ့ပြီး ဤမိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် ကမ္ဘောဒီးယား၏ အသင့်ရှိနေမှုကို အလေးပေး ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံရှိ ငြိမ်းချမ်းရေး ထိန်းသိမ်းရေးလုပ်ငန်းများ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘောဒီးယားနည်း ပညာအလုပ်သင်များနှင့် ကျွမ်းကျင် လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေး အပ်ခြင်းအပါအဝင် ကမ္ဘောဒီးယား အပေါ် ၎င်းတို့၏ ရေရှည်ချစ်ကြည်ရင်းနှီးမှုနှင့် ပံ့ပိုးမှုအတွက် ဂျပန်အစိုးရနှင့် ပြည်သူများအား ကျေးဇူးတင်ကြောင်း Heng Sour က ပြောကြားခဲ့သည်။ Sour က ၂၀၂၇ ခုနှစ်တွင် လက်ရှိနည်းပညာအလုပ်သင်သင်တန်းအစီအစဉ်ကို အစားထိုးရန် စီစဉ်ထား သည့် ဂျပန်၏ အလုပ်အကိုင်ကျွမ်းကျင်မှု ဖွံ့ဖြိုးရေး (ESD) စနစ်အတွက် ကမ္ဘောဒီးယား၏ ထောက်ခံမှုကို ထပ်လောင်းပြောကြားခဲ့သည်။ ESD စနစ်သည် နိုင်ငံခြားလုပ်သားများအား ကျွမ်းကျင် လုပ်သားအဆင့်အတန်းသို့ ပိုမိုလွယ်ကူစွာ ကူးပြောင်းနိုင်ခြင်း၊ အလုပ်အကိုင် ရွှေ့ ပြောင်းနိုင်ခြင်း၊ ထွက်ခွာမှုများပြားနေသော အလုပ်သမားပြဿနာများကို လျှော့ချရန်နှင့် အလုပ် သမားစေလွှတ်သည့် နိုင်ငံများအတွက် စံသတ်မှတ်ထားသော အများဆုံးခေါ်ယူမှု အခကြေးငွေ များကို မိတ်ဆက်ပေးမည်ဟု Heng Sour က မှတ်ချက်ပြုခဲ့သည်။ Sakaguchi Naoto က ကမ္ဘောဒီးယား၏ ရွှေ့ပြောင်းအလုပ်သမားအင်အားကို စီမံခန့်ခွဲရာတွင် တိုးတက်မှုကို ချီးကျူး ဂုဏ်ပြုခဲ့သည်။ စေလွှတ်သည့်နိုင်ငံများရှိ ပုဂ္ဂလိက အေဂျင်စီများ၊ ဂျပန်ကြီးကြပ်ရေးအဖွဲ့အ စည်းများအကြား အကြံပေးနှင့် ဆက်ဆံရေးတာဝန်ခံအဖြစ် ၎င်း၏အတွေ့အကြုံကို အသုံးပြု၍ ကမ္ဘောဒီးယားပုဂ္ဂလိက အေဂျင်စီများကို ဂျပန်စီမံခန့်ခွဲမှုအသင်းအဖွဲ့များနှင့် တိုက်ရိုက်ချိတ်ဆက်ပေးရန် ကတိပြုခဲ့သည်။
DOCA(ရန်ကုန်)
