
၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း ကမ္ဘောဒီးယားနိုင်ငံသည် နိုင်ငံတကာခရီးသွား ဧည့်သည် စုစုပေါင်း ၅.၁၇ သန်းရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၃.၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ၂၅-၁၂-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဧည့်သည်များ အများဆုံးလာရောက်လည်ပတ်သည့် နိုင်ငံအဖြစ် ဗီယက်နမ်နိုင်ငံ သည် ထိပ်ဆုံးမှ ရပ်တည်နေပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့က ဒုတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၅ ခုနှစ်၊ ပထမ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံသား ၁.၁၁ သန်းနှင့် ထိုင်းနိုင်ငံသား ၁.၀၁ သန်းခန့် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး ၇.၃ ရာခိုင်နှုန်းနှင့် ၄၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထား သည်။ သို့သော် တရုတ်နိုင်ငံသား ၁.၁ သန်းသည် ကမ္ဘောဒီးယားနိုင်ငံသို့လာရောက်လည်ပတ်ခဲ့ပြီး ၄၃.၅ ရာခိုင်နှုန်း မြင့်တက်လာ ကာ နိုင်ငံတော်သို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွား အရေအတွက်မှာ သိသိသာသာ မြင့်တက်လာကြောင်း အစီရင်ခံစာတွင် ဖြည့်စွက်ဖော်ပြထား သည်။
DOCA(ရန်ကုန်)
