Main menu

Preah Sihanouk ပြည်နယ်ရှိရင်းနှီးမြှုပ်နှံသူများ၏ ပံ့ပိုးကူညီမှု တိုးမြှင့်ဆောင်ရွက်ရန် တာဝန်ရှိသူများက ဒေါ်လာ ၁၃၈ သန်းတန် စက်မှုဇုန်စီမံကိန်းများကို စစ်ဆေး

Powered by Drupal

   Preah Sihanouk ပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဆိုင်ရာ အစိုးရ၏ လုပ်ငန်း အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူများကို ပံ့ပိုးရန်နှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အထူးအစီအစဉ်အရ စီမံကိန်းများ ချောမွေ့စွာ အကောင်အထည်ဖော်နိုင်စေရန် အဓိကစက်မှုလုပ်ငန်းစီမံကိန်း ငါးခုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ စစ်ဆေးမှုများကို ဒီဇင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့ပြီး Preah Sihanouk  ပြည်နယ် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့၏ အကြီးအကဲ Hean Sahib ဦးဆောင်၍ ပြည်နယ်အုပ်ချုပ်ရေးမှူး Mang Sineth နှင့် ပြည်နယ်အုပ်ချုပ်ရေးမှ အရာရှိများ နှင့်အတူ Sihanoukville ပြည်နယ်၊ Kampong Som မြို့နှင့် Prey Nob ခရိုင်တို့တွင် တည်ရှိသော ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ငါးခုသို့ သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။  ၎င်းတို့တွင် Empire Electrical Cable Co., Ltd မှ လုပ်ငန်းလည်ပတ် နေသော လျှပ်စစ်ဝါယာကြိုးနှင့် ကေဘယ်လ်စက်ရုံ၊ Cambodia Kuna New Energy Co., Ltd မှ လုပ်ငန်းလည်ပတ်သော အလူမီနီယမ် ပြုပြင်ထုတ်လုပ်ရေးစက်ရုံ၊ Bo Kang Industry (Cambodia) Co., Ltd မှ လုပ်ငန်းလည်ပတ်သော ပရိဘောဂထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်း စက်ရုံ၊ Haule Steel မှ လုပ်ငန်းလည်ပတ်သော သံမဏိပြုပြင်ထုတ်လုပ်ရေး စက်ရုံနှင့် Deep Oil Field Cambodia Co., Ltd မှ လည်ပတ်နေသော သံမဏိပိုက်ထုတ်လုပ်ရေးစက်ရုံတို့ ပါဝင်သည်။ စက်မှုလုပ်ငန်းစီမံကိန်း ငါးခုသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၃၈ သန်းရှိပြီး အလုပ်အကိုင် ၁,၀၇၀ ခန့် ဖန်တီးပေးနိုင်ရန် မျှော်လင့် ထားကြသည်။ စစ်ဆေးမှုများသည် စီမံကိန်းအကောင် အထည်ဖော်မှုကို စောင့်ကြည့်ရန်၊ လက်တွေ့တိုးတက်မှုများကို အကဲဖြတ်ရန်နှင့် ရင်းနှီးမြှုပ်နှံ သူများထံမှ ၎င်းတို့၏ စိုးရိမ်ပူပန်မှုများနှင့် စိန်ခေါ်မှုများအကြောင်းပိုမိုသိရှိရန် ရည်ရွယ်ကြောင်း Hean Sahib က ပြောကြားခဲ့သည်။ စစ်ဆေးမှုများသည် လက်တွေ့ကျသော ဖြေရှင်းနည်းများနှင့် အထောက်အကူပြု အစီအမံများကို ဖော်ထုတ်ရန်၊ ဒေသတွင်း အလုပ်သမား၊ ကျွမ်းကျင်မှုနှင့် နည်းပညာလွှဲပြောင်းမှုကို ပိုမိုအသုံးပြုလာစေရန်၊ ပြည်နယ်တစ်ဝှမ်းရှိ စက်ရုံများနှင့် လုပ်ငန်းများ တွင် ဒေသထွက်ပစ္စည်းများကို ပိုမိုအသုံးပြုမှုများကို အားပေးရန် ရည်ရွယ်ထား ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)