
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိပြီး မိမိပိုင်ယာခင်းများနှင့် ခြံစည်းရိုးများတွင် ရာသီပေါ်ခြံထွက်သီးနှံများ၊ နှစ်ရှည်သီးနှံပင်များနှင့် စားသောက်ကုန် အများအပြား စိုက်ပျိုးရောင်းဝယ်လျက်ရှိသည်။ စိုက်ပျိုးရရှိသော သင်္ဘောသီးများနှင့် ဂွေးချိုသီးများကို မုံရွာမြို့ပေါ်ရှိ မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် လာရောက်ရောင်းချကြကြောင်း သိရှိပါသည်။
ဒီဇင်ဘာလ စတုတ္ထပတ်တွင် မန်ကျဉ်းပင်ဈေးနှင့် သာစည်ဈေးတို့တွင် သင်္ဘောသီး အစိမ်းတစ်လုံးလျှင် (၈၀၀/၁၅၀၀) ကျပ်နှင့် အမှည့်တစ်လုံးလျှင် (၃၂၀၀/၄၃၀၀) ကျပ်၊ ဂွေးချိုသီး (၁၅)လုံးပါ တစ်ထုပ်လျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
