Main menu

သံလမ်း‌ဈေးတွင် ဖြစ်ပေါ်နေသော မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီးအမှည့်ဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သံလမ်းဈေးတွင် အသား၊ ငါးများအပြင် လူသုံးကုန်ပစ္စည်းများ၊ ဒေသထွက်အသီးအရွက်များဖြစ်သည့်  မန်ကျည်းသီးအစိမ်းနှင့် မန်ကျည်းသီး အမှည့်များကိုလည်း ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ စတုတ္ထပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော  မန်ကျည်းသီးအစိမ်းဈေးနှုန်းမှာ  နို့ဆီဘူး (၁)ဘူးလျှင် (၅၀၀)ကျပ်၊ တစ်ပြည်လျှင် (၄၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ မန်ကျည်းသီးအမှည့်ဈေးနှုန်းများမှာ မန်ကျဉ်းသီးမှည့် အစေ့လွတ်  (၁) ပိဿာလျှင် (၆၅၀၀) ကျပ် မှ (၇၃၀၀) ကျပ်၊ အစေ့ပါ(၁) ပိဿာလျှင် (၅၀၀၀) ကျပ်မှ (၅၅၀၀) ကျပ်ဖြင့်  ရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)