Main menu

တရုတ်နိုင်ငံ၏ မြေရှားသတ္ထုတင်ပို့မှုများ နိုဝင်ဘာလတွင် ဒုတိယမြောက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

Powered by Drupal

            တရုတ်နိုင်ငံ၏ ‌မြေရှားသတ္ထုတင်ပို့မှုများသည် နိုဝင်ဘာလတွင် ဒုတိယမြောက်တင်ပို့မှု အမြင့်ဆုံးအထိရောက်ရှိခဲ့ကြောင်းနှင့် ၎င်းသည် အမေရိကန်နိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ကုန်သွယ်ရေးသဘောတူညီမှုပြုလုပ်အပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်သောထုတ်ပြန်ချက်များအရ နိုဝင်ဘာလတွင် တရုတ်နိုင်ငံသည် မြေရှားသတ္ထုတန်ချိန် ၆၁၅၀ မက်ထရစ်တန်ခန့် တင်ပို့ခဲ့ကြောင်းနှင့် ၎င်းပမာဏသည် အောက်တိုဘာလတင်ပို့မှုထက် ၁၂ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် စစ်လက်နက်ပစ္စည်းများ၊ ကားများ၊ ဖုန်းများတွင် အသုံးပြုလျက်ရှိသော မြေရှားသတ္ထုများ တင်ပို့ခြင်းကို ဧပြီလတွင် ရပ်ဆိုင်းခဲ့ပါသည်။ သို့ရာတွင် အမေရိကန်‌သမ္မတ Donald Trump နှင့် Xi Jinping တို့တွေ့ဆုံ‌ဆွေးနွေးမှုပြုလုပ်အပြီးတွင် မြေရှားသတ္ထုတင်ပို့ခြင်းများ ပြန်လည်စတင်ခဲ့ကြောင်း သိရပါသည်။ နိုဝင်ဘာလတွင် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံသို့ မြေရှားသတ္ထုတန်ချိန် ၅၈၂ မက်ထရစ်တန်ခန့် တင်ပို့ခဲကောင်းနှင့် အဆိုပါပမာဏသည် အောက်တိုဘာလတင်ပို့မှုထက် ၁၁ ရာခိုင်နှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း သိရပါသည်။ ဂျပန်နိုင်ငံသို့ မြေရှားသတ္ထုတင်ပို့မှုသည် တန်ချိန် ၃၀၅ မက်ထရစ်တန်ခန့်ရောက်ရှိခဲ့ပြီး ၃၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရပါသည်။ တရုတ်နိုင်ငံသည် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်းတွင် မြေရှားသတ္ထုတန်ချိန် ၅၁၄၄၀ တန်ခန့် တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရှိရပါသည်။

Source: Economictimes                                                             

DOCA (ရန်ကုန်)