
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ သဖန်းကုန်း၊ ဓနုအေး၊ ခြံတန်း၊ ပဲကွဲ၊ ကျောင်းကွင်း၊ စစ်တော စသော ကျေးရွာများတွင် မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် ရှမ်းနံနံပင်များကို စိုက်ပျိုးကြပါသည်။ ဇလွန်မြို့နယ်ဒေသတွင်းစိုက်ပျိုးသောရှမ်းနံနံပင်များသည်ထိုင်ဝမ်မျိုးစေ့ကိုသာစိုက်ပျိုးကြပြီးတစ်ပြည်လျှင်(၃၂၀၀၀/-) ကျပ်ဖြင့် ဝယ်ယူရပါသည်။(၀.၁၀ ဧက) လျှင် တစ်ပြည် ကြဲပက်ရကာ စိုက်ပျိုးပြီး (၂)လခွဲအကြာတွင် ခူးဆွတ်နိုင်ပါသည်။ ခူးဆွတ် ချိန် တွင် ရက်(၂၀)ခြားတစ်ခါ ခူးဆွတ်ကာ (၅ ကြိမ်မှ ၆ ကြိမ်)ထိ အပင်လှိုင်လှိုင် နှုတ်ရကြောင်း၊ ကုန်ကျစရိတ် အနေဖြင့် ၀.၁၀ ဧကလျှင် မျိုးစေ့၊ ဝါး၊ အမိုး၊ သွင်းအားစုနှင့် လုပ်သားခအပါအဝင် ၅ သိန်းကျပ်ဝန်း ကျင် ကုန်ကျပါသည်။ ယခုအခါ ထိုင်ဝမ်ရှမ်းနံနံ တစ်ပင်လျှင်(၆ ကျပ်) နှုန်းရရှိပြီး ခြံအတွင်း လက္ကား ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ အကျိုးအမြတ်အနေဖြင့် ၆ သိန်း ဝန်းကျင် ကျန်ရှိကြောင်း ရှမ်းနံနံစိုက်ပျိုးသူများထံမှ သိရှိရပါသည်။ အပင်မျိုးသန့်သောကြောင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်များသို့ တင်ပို့ရောင်းချလျက် ရှိသည့်အတွက် မိသားစုဝင်ငွေတိုးသော တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)
