Main menu

၂၀၂၅ ခုနှစ်၌ ဆန်တန်ချိန် ၉ သိန်းကျော် ကမ္ဘောဒီးယားတင်ပို့

Powered by Drupal

     ကမ္ဘောဒီးယားဆန်စပါးအဖွဲ့ချုပ် (CRF) ၏ တရားဝင်အချက်အလက်များအရ ကမ္ဘော ဒီးယားနိုင်ငံ အနေဖြင့် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၉၄၀၃၂၁ တန်တင်ပို့လျက် ယခင်နှစ်ကထက် ၄၅.၅၉ ရာခိုင်နှုန်း တိုးတက်မှုရရှိခဲ့ကြောင်း၊ ဆန်တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၆၀၂.၄၁ သန်း ရရှိခဲ့ပြီး ၂၂.၆၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

     ကမ္ဘောဒီးယားနိုင်ငံရှိ ကုမ္ပဏီပေါင်း ၆၈ ခုသည် ကမ္ဘာတစ်ဝန်းရှိ တင်ပို့ရာဒေသ ၇၅ ခုသို့ ဆန်တင်ပို့ခဲ့ကြောင်း CRF က ထုတ်ပြန်ခဲ့သည်။ ယင်းတို့တွင် ဥရောပနိုင်ငံ ၂၈ နိုင်ငံသို့ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၈.၂၈ သန်းရှိသော ဆန်တန်ချိန် ၃၃၉၄၁၇ တန်၊ တရုတ်နိုင်ငံနှင့် ၎င်း၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများသို့ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃၈.၃၆ သန်းရှိသည့် ဆန်တန် ချိန် ၂၃၁၁၂၅ တန်၊ အာဆီယံအဖွဲ့ဝင် ၈ နိုင်ငံသို့ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၇.၆၂ သန်းရှိသော ဆန် ၂၇၃၆၅၇ တန်နှင့် အခြားစျေးကွက်များသို့ တန်ဖိုး အမေရိကန်ဒေါ်လာ ၈၈.၁၅ သန်းရှိသည့် တန်ချိန် ၉၆၁၂၂ တန်တို့ကို အသီးသီး တင်ပို့ခဲ့ကြောင်း သိရပါသည်။ 

    ဆန်အမျိုးအစားအလိုက် တင်ပို့မှုများတွင် ဆန်မွှေး ၆၄.၀၂ ရာခိုင်နှုန်း၊ ဆန်ဖြူ ၁၃.၇၁ ရာခိုင်နှုန်း၊ ပေါင်းဆန် ၂ ရာခိုင်နှုန်း၊ အော်ဂဲနစ်ဆန် ၁.၃၂ ရာခိုင်နှုန်း၊ ဆန်ကွဲအမျိုးမျိုး ၁၈.၅၆ ရာခိုင်နှုန်းနှင့် အခြားဆန်အမျိုးအစား ၀.၃၉ ရာခိုင်နှုန်းတို့ ပါဝင်သည်။

     ကမ္ဘောဒီးယားနိုင်ငံသည် ကြိတ်ခွဲပြီးဆန်များအပြင် စပါး ၆၈၅၉၉၃၀ တန်တင်ပို့မှုမှလည်း အမေရိကန်ဒေါ်လာ ၁.၅၈ ဘီလီယံ ရရှိခဲ့သည်။ ကမ္ဘောဒီးယား ဆန်စပါးအဖွဲ့ချုပ် (CRF) က ၂၀၂၅ ခုနှစ်အတွင်း ဆန်တင်ပို့မှုသည် စုစုပေါင်း ၄၅.၅၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး စပါးတင်ပို့မှုမှာမူ ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၂.၄၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်ဟု ထုတ်ပြန် ခဲ့သည်။

     ယခင်နှစ်များ၌ တစ်နှစ်လျှင် ဆန်တင်ပို့မှုပမာဏ တန်ချိန် ၆၀၀၀၀၀ အထက်တွင်သာ ရှိခဲ့ သော်လည်း ၂၀၂၅ ခုနှစ်တွင်မူ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း CRF ဥက္ကဋ္ဌ Lay Chhun Hour က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် Phnom Penh Post သတင်းစာသို့ ပြောကြားခဲ့သည်။ ကမ္ဘော ဒီးယားနိုင်ငံရှိ ဆန်စက်လုပ်ငန်းများသည် နိုင်ငံတကာစျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း အားကောင်း လာစေရန် ရည်ရွယ်၍ ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း အစိုးရထံမှ ပိုမိုများပြားသော အာရုံ စိုက်မှုနှင့် ပံ့ပိုးကူညီမှုများကို ရရှိခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

Source: Phnom Penh Post, 06 January 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)