
ကော့သောင်းခရိုင် ကော့သောင်းမြို့သည် ပင်လယ်ရေလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင် ကြပြီး ပင်လယ်ရေထွက်ပစ္စည်းများဖြစ်သည့် ငပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များထုတ်လုပ် ရောင်းချလျက်ရှိရာ ပုစွန်ခြောက်လုပ်ငန်းသည် အရွယ်အစား ဆိုဒ်ပေါ်မူတည်၍ စျေးနှုန်း ကွာခြားလျက်ရှိပါသည်။
ပင်လယ်ပုစွန်ခြောက်ကို လူတိုင်းကြိုက်ကြသည့် အစားစာတမျိုးဖြစ်ပြီး လက်ဖက် သုပ်၊ ပုစွန်ခြောက် ငံပြာရည်ကြော်၊ ငပိကြော်၊ ငပိထောင်း၊ အသုပ်မျိုးစုံတွင် အမျိူးမျိူး သုံးစွဲကြပါ သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း စျေးများတွင် ရောင်းချလျက်ရှိသော ပင် လယ် ပုစွန်ခြောက်စျေးနှုန်းမှာ ဆိုဒ်အသေးဆိုဒ်တစ်ပိဿာလျှင်(၈၀၀၀၀ိ/-)ကျပ်၊ အလတ် ဆိုဒ် တစ်ပိဿာလျှင်(၁၀၀၀၀၀ိ/-)၊ အကြီးဆိုဒ် တစ်ပိဿာလျှင်(၁၃၀၀၀၀ိ/-)ကျပ် စျေးနှုန်း များဖြင့် ရောင်းချလျက်ရှိကြောင်း ပင်လယ်ရေထွက်ပစ္စည်းရောင်းချနေသူများထံမှ သိရှိရပါ သည်။
DOCA(တနင်္သာရီ)
