Main menu

သခွားသီးဈေးမြင့်လာသော်လည်းအရောင်းပုံမှန်ရှိ

Powered by Drupal

    မိတ္ထီလာမြို့၊ မြို့မဈေးကြီးရှိ ဟင်းသီးဟင်းရွက်ဈေးကွက်တွင် ဆောင်းရာသီ၌ သခွားသီးများ တက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ မိတ္ထီလာဈေးကွက်သို့ သခွားသီးမှာ ရမည်းသင်း၊ နေပြည်တော်တို့မှ အများဆုံးဝင်ရောက်ပါသည်။ သခွားသီးကို မိုးတွင်းကာလက တစ်လုံးလျှင်(၅၀၀)ကျပ် အလုံးသေးလျှင်(၂)လုံးရရှိသော်လည်း ယခုဆောင်းရာသီ မှာတော့ တစ်လုံး(၄၀၀-၅၀၀)ကျပ်ဖြင့်ဝယ်ယူရပါသည်။ သခွားသီးကို တို့စရာသီးနှံအနေဖြင့် လည်းကောင်း၊ သုပ်၍လည်းကောင်းစားသုံးကြရာ သခွားသီးကြိုက်သူများကတော့ ဈေးမြင့်လာသော်လည်း စားသုံးမှုရှိတဲ့အတွက် အရောင်းဝယ် ပုံမှန်ရှိကြောင်း ဈေးကွက်မှသိရသည်။

DOCA(မန္တလေး)