
မိတ္ထီလာမြို့သစ်သီးဒိုင်များထဲတွင် နာနတ်သီးများကို တဖန်ပြန်လည် ရောင်းချနေကြောင်း တွေ့ရသည်။ ယခုအခါ နာနတ်သီးများကို သီပေါဘက်မှ တဆင့်ဝယ်ယူရကြောင်း သိရပါသည်။ နာနတ်သီးများ မှာ တဖန်ပြန်လည်ပေါ်ပေါက်သော ရာသီဖြစ်၍ ယခုအခါအနည်းငယ်ရှားပါးသေးသောကြောင့် ဈေး အနည်းငယ်များနေရကြောင်း ဖြစ်သည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် နာနတ်သီးဈေးနှုန်းမှာ တလုံးလျှင် ၂၀၀၀ကျပ်နှုန်းဖြင့် ရောင်းချနေကြောင်း သိရပါသည်။ နာနတ်သီးများအဝင်များလာသည်နှင့် ဈေးနှုန်းများ ထပ်မံကျဆင်းနိုင်ကြောင်း သစ်သီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(မန္တလေး)
